Connect with us

Africa & Middle East

တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင် အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စီး ပျက်ကျ

MQ-1 Predator အမည်ရှိ မောင်းသူမဲ့လေယာဉ် အားတွေ့ရစဉ် (ဆင်ဟွာ/Reuters)

အန်ကာရာ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဆန်လီအာဖာပြည်နယ် တွင် သြဂုတ် ၂၁ ရက်က အမေရိကန်နိုင်ငံ လေတပ်ပိုင် မောင်းသူမဲ့လေယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း Incirlik လေတပ်စခန်း၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တစ်ခုအရသိရသည်။

MQ-1 Predator အမည်ရှိ မောင်းသူမဲ့လေယာဉ် အား အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ခဲ့ကြောင်း နှင့် တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဒေသစံတော်ချိန် နံနက် ၁၁း၅၀နာရီဝန်းကျင်၌ ပျက်ကျခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ တူရကီ နှင့် အမေရိကန် တာဝန်ရှိသူများက လေယာဉ်ပျက်ကျရာနေရာတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ၍ ယင်းနေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပိတ်ဆို့တားဆီးထားကြောင်း သိရသည်။

ယခု မောင်းသူမဲ့လေယာဉ် ပျက်ကျခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီးသြဂုတ် ၁၇ ရက်တွင်လည်း တူရကီနိုင်ငံတောင်ပိုင်း အက်ဒါနာပြည်နယ်တွင် MQ-1 Predator မောင်းသူမဲ့လေယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.