Africa & Middle East
တရုတ်ရန်ပုံငွေဖြင့် ဆူဒန်က ကန်ဒေါ်လာ သန်း၆၀ တန် အဲဘတ်စ်လေယာဉ် ၂စင်းဝယ်ယူ
ဆူဒန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဆူဒန်နိုင်ငံ အစိုးရ က တရုတ်ကုမ္ပဏီတစ်ခု၏ ရန်ပုံငွေဖြင့် အမေရိကန်ဒေါ်လာ သန်း၆၀ တန်ဖိုးရှိသော အဲဘတ်စ်လေယာဉ် ၂စင်းကို ဆူဒန်လေကြောင်းလိုင်းအတွက် ဝယ်ယူခဲ့ကြောင်း နိုဝင်ဘာ ၁၅ရက်ကပြောကြားခဲ့သည်။
ဆူဒန်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီး မကာဝီမိုဟာမက်အဝက်ဒ် က ဆူဒန်လေကြောင်း သည် တရုတ်ကုမ္ပဏီတစ်ခု၏ ရန်ပုံငွေဖြင့် အမေရိကန်ဒေါ်လာ သန်း၆၀ တန်ဖိုးရှိသော အဲဘတ်စ်လေယာဉ် ၂စင်း ကို ဝယ်ယူခဲ့ကြောင်း ပါလီမန်၌ နိုဝင်ဘာ ၁၅ ရက်ကပြောကြားခဲ့သည်။
၎င်းက အစိုးရပိုင်ကုမ္ပဏီတစ်ခုဖြစ်သော ဆူဒန်လေကြောင်းလိုင်း သည် မကြာသေးခင်က လေယာဉ်နှစ်စီးကို ပြန်လည်ပြုပြင်ခဲ့ပြီး ၂၀၁၈ခုနှစ် မတိုင်ခင် လေကြောင်းလိုင်း၌ လေယာဉ် ၇စင်းအထိတိုးချဲ့သွားရန် ထုတ်ပြန်ကြေညာခဲ့သည်။
ဆူဒန်နိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ နှစ်၂၀ခန့် ပိတ်ဆို့တားမြစ်မှုဒဏ်ကို ဆူဒန်လေကြောင်းလိုင်းအနေဖြင့် များစွာခံစားခဲ့ရပြီး လေယာဉ်အရေအတွက်သည်လည်း တစ်စင်းအထိ လျော့ကျသွားခဲ့ကာ အခြားလေယာဉ်နှစ်စီးကို အာရပ်လေကြောင်းကုမ္ပဏီများထံမှ ငှားရမ်းအသုံးပြုခဲ့ရကြောင်း သိရသည်။ (Xinhua)