Connect with us

Africa & Middle East

တူရကီ နိုင်ငံ အစိုးရ က အမေရိကန် နိုင်ငံ ၏ အရေးယူမှု အပေါ် ချက်ခြင်း တုန့်ပြန် ဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ထုတ်ပြန်

တူရကီ နိုင်ငံ ၏ ဖမ်းဆီးခြင်း ခံထားရသည့် အမေရိကန် နိုင်ငံ သား ခရစ်ယန် ဘုန်းတော်ကြီး Andrew Brunson အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က တူရကီ နိုင်ငံ အစိုးရ အနေဖြင့် အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး ဌာန မှ တူရကီ နိုင်ငံ ဝန်ကြီး ၂ ဦး အပေါ် အရေးယူပိတ်ဆို့မှု ဆောင်ရွက်ခြင်း အား ပြင်းထန်စွာ ကန့်ကွက်ပြီး တုံ့ပြန် ဆောင်ရွက်မှုများ ချက်ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သြဂုတ်လ ၁ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် အမေရိကန် နိုင်ငံ က တစ်ဆင့် ပြီး တစ်ဆင့် ဖိအားပေး ဆောင်ရွက်သည့် သဘောထား မှာ နှစ်ဦးနှစ်ဖက်လုံး အတွက် အကျိုးမရှိဘဲ နှစ်နိုင်ငံ အငြင်းပွားမှုများ ဖြေရှင်းရန် အတွက် အပြုသဘောဆောင်သည့် ကြိုးပမ်းမှုများကို ကြီးမားစွာ ထိခိုက်စေခဲ့ကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်မှု နှင့် တူညီသည့် တုံ့ပြန်မှု မျိုးကို ချက်ခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က တူရကီ နိုင်ငံ မှ အမေရိကန် နိုင်ငံ သား ခရစ်ယန် ဘုန်းတော်ကြီး Andrew Brunson အား ဆက်လက် ထိန်းသိမ်း ထားခြင်း ကို အကြောင်းပြု၍ တူရကီ နိုင်ငံ ပြည်ထဲရေး ဝန်ကြီး နှင့် တရားရေး ဝန်ကြီးဌာန ဝန်ကြီး တို့အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ကြောင်း သြဂုတ်လ ၁ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သည်။ ပိတ်ဆို့အရေးယူမှု အရ ၎င်းတို့ ၏ အမေရိကန် နိုင်ငံ အတွင်းရှိ ပိုင်ဆိုင်မှု အားလုံး ကို ထိန်းချုပ်သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံ လုပ်ငန်းကုမ္ပဏီ နှင့် လူပုဂ္ဂိုလ် တို့မှ ၎င်းတို့နှင့် ပတ်သက်ဆက်သွယ်သူကို ကန့်သတ် လိုက်ကြောင်း သိရှိရသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လ တွင် တူရကီ နိုင်ငံ ၌ မအောင်မြင် စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွား ခဲ့ပြီး အာဏာသိမ်းမှု အား ထိန်းချုပ်ပြီးနောက် တွင် တူရကီ နိုင်ငံ က ခရစ်ယန် ဘုန်းတော်ကြီး Andrew Brunson အား အစိုးရ ဆန့်ကျင်သည့် သူလျှို လုပ်ငန်းတွင် ပါဝင်မှု ဖြင့် ဖမ်းဆီး ခဲ့သည်။ လတ်တလော ရက်ပိုင်း တွင် ဘုန်းတော်ကြီး Andrew Brunson က ကျန်းမာရေး အခြေအနေ မကောင်းသဖြင့် အိမ်တွင်း အကျယ်ချုပ် ဖြင့် ထားရှိခဲ့ကြောင်း သိရှိရသည်။

လတ်တလောရက်ပိုင်း တွင် အမေရိကန် နိုင်ငံ က ပြင်းထန်သည့် သဘောထား များ ထုတ်ဖော်ခဲ့ပြီး တူရကီ နိုင်ငံ မှ ဘုန်းတော်ကြီး Andrew Brunson အား ချက်ခြင်း လွတ်ပေးရန် တောင်းဆိုခဲ့သည်။အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ကလည်း ဇူလိုင်လ ၂၆ ရက် ၌ အမေရိကန် နိုင်ငံ အနေဖြင့် တူရကီ နိုင်ငံ အား ဘုန်းတော်ကြီး Andrew Brunson ကို ထိန်းချုပ်ထားမှု ဖြင့် ကြီးမားသည့် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။ ယင်း ထုတ်ပြန်ချက် နှင့် ပတ်သက်၍ တူရကီ နိုင်ငံ အစိုးရ က ဇူလိုင်လ ၃၁ ရက် ၌ အမေရိကန် နိုင်ငံ ၏ အရေးယူ ပိတ်ဆို့မှုများ က လက်ခံနိုင်မှုမရှိသော ၊ လေးစားမှုမရှိသော ဆောင်ရွက်မှုမျိုးဖြစ်ပြီး နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေး အား ပြန်လည် ပြုပြင်နိုင်ခြင်း မရှိသည့် ဒဏ်ရာ ဖြစ်စေမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.