Africa & Middle East
တူရကီ အရှေ့ပိုင်းတွင် ဘတ်စ်ကား နှစ်စီးတိုက်မိမှုကြောင့် လူ၈ဦးသေဆုံး၊ ၂၈ဦးဒဏ်ရာရှိ
အန်ကာရာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ အရှေ့ဘက် Igdir ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက်က ဘတ်စ်ကား ၂စီးခေါင်းချင်းဆိုင် တိုက်မိရာ လူ ၈ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၂၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းရုပ်သံလိုင်း CNNTurk က ဖော်ပြခဲ့သည်။
ယာဉ်မတော်တဆဖြစ်မှု သည် Igdir ပြည်နယ် Aralik ဒေသ နှင့် အဇာဘိုင်ဂျန်နိုင်ငံ အနီးရှိ Dilucu နယ်စပ်ဂိတ် အား ဆက်သွယ်ထားသော အဝေးပြေးလမ်းမပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တူရကီ အရှေ့ပိုင်းတွင် ဘတ်စ်ကား နှစ်စီးတိုက်မိမှု မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)
မြူနှင်းများ ထူထပ်စွာ ကျဆင်းနေ၍ ဘတ်စ်ကား တစ်စီး နှင့် တစ်စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း Igdir ပြည်နယ်အုပ်ချုပ်ရေးမှူး Ahmet Turgay Alpman ကပြောကြားခဲ့သည်။
ကားဒရိုင်ဘာ ၂ဦးစလုံး နှင့် တူရကီနိုင်ငံသား ၁ဦး၊ အဇာဘိုင်ဂျန်နိုင်ငံသား ၅ဦး ပါဝင်သည့် ခရီးသည် ၆ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများစုမှာ အဇာဘိုင်ဂျန်နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
ဘတ်စ်ကားများအတွင်း လူများ ပိတ်မိနေစဉ်မှစ၍ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)