Connect with us

Africa & Middle East

တူရကီတွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် သေဒဏ်ချမှတ်မှုအား ပြန်လည်ပြဋ္ဌာန်းရန် သမ္မတ အာဒိုဂန် ကတိပြုပြောကြား

တူရကီနိုင်ငံ သမ္မတ ရီဆတ် တေယစ် အာဒိုဂန် အားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ ရီဆတ် တေယစ် အာဒိုဂန် က ပါလီမန်အနေဖြင့် သေဒဏ်ချမှတ်မှုအား ထောက်ခံလိုက်သည်နှင့် ယင်းစနစ်အား အတိအကျ အတည်ပြုပေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၁ ရက်က ပြောကြားခဲ့သည်။

ကာ့ဒ်စစ်သွေးကြွများက လူသေဆုံးစေသည့် ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီးနောက် သမ္မတ အာဒိုဂန်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၃၁ ရက် တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတွင် သေဆုံးခဲ့သော မိခင်တစ်ဦး နှင့် ကလေးငယ်တစ်ဦး၏ အသုဘအခမ်းအနားသို့ တက်ရောက်လာသည့် အာဒိုဂန်က တရားမဝင် အသင်းဖြစ်သည့် ကာ့ဒ်အလုပ်သမားများပါတီ (PKK) တွင် နောက်ဆုံး အကြမ်းဖက်သမားတစ်ဦးတစ်ယောက်မျှ မကျန်တော့သည့်အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

အသုဘအခမ်းအနားသို့ တက်ရောက်လာသူများက သေဒဏ်ချမှတ်မှုအား ပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုမှုကို လိုက်လျောသည့်အနေဖြင့် ပါလီမန်က ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်မှုအား ထောက်ခံပါက ၎င်းက သေဒဏ်စနစ်ပြန်လည်သတ်မှတ်မှုအား အတည်ပြုပေးသွားမည်ဖြစ်ကြောင်း အလေးအနက်ပြောခဲ့သည်။

နိုင်ငံအရှေ့တောင်ပိုင်း Hakkari ပြည်နယ်တွင် ဇူလိုင် ၃၁ရက်က လမ်းဘေးဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် တူရကီစစ်သားတစ်ဦး၏ ဇနီးဖြစ်သူ နှင့် ၁၁လသားအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကပြောကြားခဲ့သည်။

တူရကီနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့သို့ ဝင်ရောက်ရန် ကြိုးပမ်းမှု၏ အစိတအပိုင်းတစ်ရပ်အဖြစ် သေဒဏ်ချမှတ်မှုအား ၂၀၀၄ခုနှစ်တွင် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.