Africa & Middle East
ဘဏ္ဍာရေးဝန်ကြီး အား ဆော်ဒီဘုရင် ရာထူးမှ အနားပေး

ရီယာ့ဒ်၊ နိုဝင်ဘာ ၁ရက် (ဆင်ဟွာ)
ဆော်ဒီ ဘုရင် Salman bin Abdulaziz Al Saud သည် နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး အား အောက်တိုဘာ ၃၁ရက်က ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း ဆော်ဒီသတင်းဋ္ဌာန က ဖော်ပြခဲ့သည်။ တော်ဝင်အမိန့်အရ ဘဏ္ဍာရေးဝန်ကြီး Ibrahim Al Assaf နေရာ တွင် ဘဏ္ဍာရေးဈေးကွက်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ Mohamed Al Jadaan အား အစားထိုးခန့်အပ်ခဲ့ကြောင်း နှင့် ၎င်းအား ပြည်နယ်ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။
ရေနံဈေးကျဆင်းလာမှု၊ ဝန်ကြီးများ နှင့် အကြီးတန်းအရာရှိများ၏ လစာများ ဖြတ်တောက်မှု တို့ပါဝင်သည့် ငွေကြေးသုံးစွဲမှုခြွေတာရေးလုပ်ဆောင်ချက်များကြောင့် ဆော်ဒီနိုင်ငံသည် ဘဏ္ဍာရေးဆိုင်ရာ အရှုပ်အထွေးများ နှင့် ရင်ဆိုင်ပြီး နောက်ပိုင်း ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခြင်း ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အစားအစာနှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ နှင့် အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေး အာဏာပိုင်အဖွဲ့ ကဲ့သို့သော အဓိကကျသည့် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည်လည်း အလားတူ တော်ဝင်အမိန့်များဖြင့် ရာထူးအပြောင်းအလဲများပြုလုပ်ခံရကြောင်း သိရသည်။ (Xinhua)