Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံတွင် ၂၉ လကြာ လစ်လပ်နေသည့် သမ္မတနေရာအား ရွေးချယ်တင်မြှောက်

အသစ်ရွေးချယ် တင်မြှောက်ခြင်းခံရသည့် လက်ဘနွန် သမ္မတ Michel Aoun (နောက်တန်း အလယ်လူ) ကျမ်းသစ္စာ ကျိန်ဆိုနေစဉ် (ဆင်ဟွာ)

ဘေရွတ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Michel Aoun သည် လက်ဘနွန်နိုင်ငံ၏ ၁၃ ဦးမြောက် သမ္မတအဖြစ် အောက်တိုဘာလ ၃၁ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး နှစ်နှစ်ခွဲနီးပါး သမ္မတနေရာ လစ်လပ်နေမှုအား အဆုံးသတ်စေခဲ့သည်။

အသက် ၈၁ နှစ်အရွယ် ခရစ်ယာန် ဘာသာဝင် Aoun အား လက်ဘနွန် လွှတ်တော်က အောက်တိုဘာလ ၃၁ ရက် အစောပိုင်းက လက်ဘနွန် သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။

လက်ဘနွန်နိုင်ငံသည် သမ္မတဟောင်း Michel Suleiman ၏ ခြောက်နှစ်တာ သက်တမ်း ကုန်ဆုံးပြီးချိန် ၂၀၁၄ ခုနှစ် မေလကစ၍ သမ္မတနေရာ လစ်လပ်နေခဲ့သည်။

Aoun သည် ဆီးရီးယား တိုက်ခိုက်မှုများတွင် သမ္မတ ဘာရှာ အယ်လ်-အာဆတ် အစိုးရနှင့်အတူ ပါဝင်နေသည့် အီရန် ကျောထောက်နောက်ခံပြုထားသော ဟဇ်ဘိုလာ ပါတီနှင့် မဟာမိတ် ဖြစ်သည်။

၎င်းသည် Saad Hariri အား ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း ပြန်လည်တင်သွင်းမည်ဟု မျှော်လင့်ရပြီး နိုင်ငံရေး အခင်းအကျင်းအရ သဘောတူညီမှု အနည်းအကျဉ်း ရရှိနိုင်ကြောင်း၊ အစိုးရဖွဲ့ရန်အတွက်မူ ရှည်ကြာပြီး ခက်ခဲသည့် လုပ်ငန်းစဉ် ဖြစ်နိုင်ကြောင်း သိရသည်။

လက်ရှိ သမ္မတဖြစ်လာသည့် Aoun သည် လက်ဘနွန်နိုင်ငံ Haret Hreik ကျေးရွာ၌ ၁၉၃၅ ခုနှစ်၌ မွေးဖွားခဲ့သည်။

၁၉၈၄ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဆိုပါ ရာထူးအတွက် တာဝန်ထမ်းဆောင်ရသည့် အသက်အငယ်ဆုံး အရာရှိတစ်ဦး ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.