Africa & Middle East
ဘာစီလိုနာ သို့ သွားရောက်မည့် တူနီးရှား လေယာဉ် ပေါ်တွင် ဗုံးလန့်မှုဖြစ်ပွား
တူးနစ်၊ ဒီဇင်ဘာ ၂၆ရက် (ဆင်ဟွာ)
တူနီးရှား ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဒီဇင်ဘာ ၂၅ရက်တွင် ဗုံးလန့်မှုတစ်ခုဖြစ်ပွားခဲ့ရာ စပိန်နိုင်ငံ ဘာစီလိုနာမြို့သို့ သွားရောက်မည့် တူနီးရှား လေယာဉ်တစ်စီး ထွက်ခွာရန် နှောင့်နှေးခဲ့ရကြောင်း ပြောကြားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တူးနစ်-ကာ့တေ့ချ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည်ဟု ယူဆရသည့် တူနီးရှားအမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးပေါ်မှ ခရီးသည်အားလုံး အား ကယ်ထုတ်ခဲ့ပြီး လေယာဉ်အား ရှာဖွေစစ်ဆေးခြင်း နှင့် ခရီးဆောင်အိတ်များအား စစ်ဆေးခြင်းတို့ပြုလုပ်ခဲ့သော်လည်း သံသယရှိဖွယ် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း ဝန်ကြီးဋ္ဌာန၏ပြောကြားချက်အရ သိရသည်။
ထို့နောက် လေယာဉ်သည် လေဆိပ်မှ ထွက်ခွာသွားကာ ဘာစီလိုနာမြို့တွင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။
သို့သော် သံသယရှိဖွယ် အမျိုးသမီးတစ်ဦးအား စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက်ရှိကြောင်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။ (Xinhua)