Connect with us

Africa & Middle East

အီရတ် နိုင်ငံ မိုဆူးလ် ကားဗုံးဖောက်ခွဲမှု များကြောင့် အနည်းဆုံး လူ ၂၅ ဦးသေဆုံး

အီရတ် နိုင်ငံ မိုဆူးလ်မြို့ အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သော ကားဗုံးဖောက်ခွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးလုံးကြီးကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အာဘိလ် ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ မိုဆူးလ်မြို့ အရှေ့ပိုင်းတွင် ဒီဇင်ဘာ ၂၂ ရက်နေ့က ကားဗုံးဖောက်ခွဲမှုများ ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၂၅ ဦးသေဆုံးခဲ့ကာ ထိုသေဆုံးသူများတွင် ပြည်သူလူထု နှင့် လုံခြုံရေး ဝန်ထမ်းများပါဝင်ကြောင်း နှင့် ဆယ်နှင့်ချီသောသူများ ဒဏ်ရာရရှိခဲ့ကြောင်း အီရတ် နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့၏ ပြောကြားချက် အရသိရှိရသည်။

အီရတ် အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့၏ အမည်မဖော်လိုသော အရာရှိတစ်ဦးမှ ဆင်ဟွာ သတင်းဌာန ကိုပြောကြားရာတွင် ဗုံးများ တပ်ဆင်ထားသည့် ကား၃စီးသည် မိုဆူးလ်မြို့ အရှေ့ပိုင်း လူစည်ကားရာနေရာများသို့ လျင်မြန်စွာ မောင်းနှင် ခဲ့ပြီး ကားပေါ်ရှိဗုံးများ ဖောက်ခွဲခဲ့သောကြောင့် အနည်းဆုံး ၂၅ ဦးသေဆုံးကာ ဆယ်နှင့်ချီသောသူများ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

၎င်းမှ ဆက်လက်၍ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ဖွဲ့မှ ဈေးဆိုင်တန်း နေရာ များကို ပိတ်ဆို့ခဲ့ပြီး အတွင်းသို့ရောက်ရှိပြီးသော ဗုံးတပ်ဆင်ထားနိုင်သည့် ကားများကို ရှာဖွေစစ်ဆေး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အခင်းဖြစ်ပွားစဉ်တွင် သတင်းထောက်သည် မိုဆူးလ်မြို့ အရှေ့ပိုင်းရှိ အဝေးပြေးလမ်းကို သွားရောက်နေစဉ် အချိန်တွင် ဖြစ်ပြီး အဝေး တစ်နေရာ၌ မီးခိုးလုံးကြီးကို စတင်မြင်တွေ့ခဲ့ရကာ ၂ မိနစ်ခန့်အကြာတွင် အခြား နောက်တစ်နေရာ၌ ထက်မံ၍ မီးခိုးလုံးကြီး ကို မြင်တွေ့ခဲ့ရသည်။ထို့နောက် တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့ မှ မိုဆူးလ်မြို့ သို့သွားရောက် နိုင်သည့် လမ်းများကို ပိတ်ဆို့ခဲ့ပြီး သာမန်ကားများ သွားရောက်ခြင်းကို ပိတ်ပင်ခဲ့သည်။

မိုဆူးလ်မြို့သည် အီရတ် နိုင်ငံ ၏ ဒုတိယ အကြီးဆုံး မြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လတွင်လ IS တပ်ဖွဲ့၏ သိမ်းပိုက်မှုကို ခံခဲ့ရသည်။မိုဆူးလ်မြို့သည် IS တပ်ဖွဲ့၏ အီရတ် နယ်နိမိတ် အတွင်း လက်ရှိချိန်တွင် ထိန်းချုပ်ထားသည့် နောက်ဆုံးမြို့တစ်မြို့ဖြစ်ပြီး IS တပ်ဖွဲ့၏ ပင်မ စခန်းလည်း ဖြစ်သည်။ယခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် အီရတ် အစိုးရ မှ မိုဆူးလ်မြို့ကို စတင်တိုက်ခိုက်ကြောင်း ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.