Africa & Middle East
ဘူရီကီနာ ဖါဆို နိုင်ငံ တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား အနည်းဆုံး ၈ ဦး သေဆုံး

လိုမေ ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
ဘူရီကီနာ ဖါဆို နိုင်ငံ လုံခြုံရေး ဌာန ၏ ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၈ ရက် နံနက်ပိုင်း အချိန်တွင် နိုင်ငံ အရှေ့ပိုင်း Gourma ပြည်နယ် Fada N’gourma မြို့ ၌ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး အစိုးရ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။
ဒေသတွင်း မီဒီယာ ၏ ဖော်ပြချက်အရ အစိုးရ တပ်ဖွဲ့ဝင် များ လိုက်ပါခဲ့သည့် ယာဉ် က Fada N’gourma မြို့ ၏ လုံခြုံရေး အခြေအနေ ကို ထိန်းသိမ်းရန် အတွက် သွားရောက်စဉ် အတွင်း ဗုံးခွဲ တိုက်ခိုက်မှု ခံခဲ့ရကြောင်း ၊ ဗုံးအား လမ်းဘေးတွင် ကြိုတင် ထားရှိခဲ့ပြီး ယာဉ် ဖြတ်သန်း စဉ် အချိန် တွင် ဖောက်ခွဲ ခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်ရှိချိန်ထိ မည်သည့် အဖွဲ့အစည်း မှ တိုက်ခိုက်မှု အား ဆောင်ရွက်ခဲ့သည် ဟု ကြေညာခြင်း မရှိသေးကြောင်း သိရှိရသည်။
၂၀၁၅ ခုနှစ် မှ စတင်၍ ဘူရီကီနာ ဖါဆို နိုင်ငံ တွင် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွား လေ့ရှိပြီး လုံခြုံရေး အခြေအနေ မှာ ဆိုးရွား လာခဲ့သည်။ သြဂုတ်လ ၁၁ ရက် တွင် ဖြစ်ပွား ခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ပြီး ယခု နှစ် မတ်လ ၂ ရက် ၌ ဘူရီကီနာ ဖါဆို နိုင်ငံ မြို့တော် တွင် ဖြစ်ပွား ခဲ့သည့် အမည်မသိ လက်နက်ကိုင် အဖွဲ့အစည်း ၏ တိုက်ခိုက်မှုကြောင့် အစိုးရ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)