Africa & Middle East
မိုးခေါင် ရာသီဥတုကြောင့် တောင်အာဖရိကရှိ လူဦးရေ ၁၄ သန်း ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
မိုးခေါင် ရာသီဥတု ရှည်ကြာမှုကြောင့် တောင်အာဖရိကရှိ လူဦးရေ ၁၄ သန်းသည် ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင် နေရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကတွက်ချက်ထားကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၈ ရက်က ပြောသည်။
အယ်လ်နီညို ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်သည် ဒေသတွင်း ဆိုးရွားသည့် မိုးခေါင်မှုကို ဖြစ်ပေါ်စေ၍ ယခုနှစ်၏ ကောက် ပဲသီးနှံများအပေါ် ထိခိုက်မှု ရှိနိုင်ကြောင်း ကုလသမဂ္ဂ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာရန် ဟတ် (Farhan Haq) က ပြောသည်။
WFP ၏အဆိုအရ ပြီးခဲ့သည့်နှစ် မိုးရေရရှိမှု နည်းပါးခဲ့ခြင်းကြောင့် အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် နိုင်ငံများမှာ မာလာ ဝီ၊ မတ်ဒါဂတ်စကာနှင့် ဇင်ဘာဘွေနိုင်ငံတို့ ဖြစ်သည်။ လီဆိုသိုနိုင်ငံကလည်း မိုးခေါင်မှု အရေးပေါ် အခြေအနေနှင့် လူဦးရေ၏ သုံးပုံ တစ်ပုံမှာ စားနပ်ရိက္ခာ လုံလောက်မှု မရှိတော့ကြောင်း ဒီဇင်ဘာလက ကြေညာခဲ့သည်။
ထို့ပြင် အန်ဂိုလာ၊ မိုဇမ်းဘစ် နှင့် ဆွာဇီလန် နိုင်ငံတို့လည်း အလားတူ အခြေအနေများနှင့် ကြုံတွေ့နေရကြောင်း ဟတ်က ပြောကြားခဲ့သည်။
ပူနွေးစွတ်စိုသည့် အယ်နီညို ရာသီဥတုသည် လွန်ခဲ့သည့်နှစ်အလွန်မှ စ၍ တောင်အာဖရိကနိုင်ငံများသို့ မိုးခေါင်ရေ ရှားမှုများ ဖြစ်စေခဲ့ပြီး ကောက်ပဲသီးနှံများ ပျက်စီးမှုနှင့် ရေစွမ်းအင် ထုတ်လုပ်မှုများ ပြတ်တောက်မှုများ ဖြစ်စေခဲ့ သည်။ ယခင်က ဂျုံ၊ ဆန်စပါးများ တင်ပို့ရာနိုင်ငံများ ဖြစ်ခဲ့သည့် တောင်အာဖရိကသည် မိုးခေါင် ရာသီဥတုကြောင့် ပြောင်းစေ့ တန်ချိန် ၅ သန်းမှ ၆ သန်းကြား နိုင်ငံတွင်းသို့ ပြန်လည် တင်သွင်းရမည် ဖြစ်သည်။ (Xinhua)