Connect with us

Africa & Middle East

အိမ်ဖြူတော်က ပျောက်ဆုံးနေသည့် အမေရိကန်နိုင်ငံသား အီရန်နိုင်ငံတွင် မရှိတော့ကြောင်း ပြောကြား

ပျောက်ဆုံးနေသည့် အမေရိကန်နိုင်ငံသား FBI အေးဂျင့်ဟောင်း Robert Levinson အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

အိမ်ဖြူတော်က ပျောက်ဆုံးနေသည့် FBI အေးဂျင့်ဟောင်း Robert Levinson သည် အီရန်နိုင်ငံ၌ မရှိတော့သည်ကို အမေရိကန် အနေဖြင့် ယုံကြည်ရန် အကြောင်းပြချက်ရှိပါကြောင်း ဇန်နဝါရီလ ၁၉ရက်နေ့က ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ထိုသို့ထုတ်ပြန်ခဲ့ခြင်း အကြောင်းရင်းကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Josh Earnest က ပြောကြားခဲ့ခြင်းမရှိသော်လည်း Robert Levinson မည်သည့်နေရာ တွင် ရှိသည်ကို ဆက်လက် ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက Levinson ၏တည်နေရာအား ကူညီရှာဖွေပေးရန် အီရန်နိုင်ငံ က ကတိကဝတ်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

Levinson သည် အီရန်နိုင်ငံ Kish ကျွန်းတွင် ၂၀၀၇ခုနှစ်က ပျောက်ဆုံးခဲ့ကြောင်း နှင့် သတင်းမီဒီယာ များက ၎င်း အား အီရန်နိုင်ငံအတွင်း သတင်းအချက်အလက်များ ထောက်လှမ်းရန် အမေရိကန်ထောက်လှမ်းရေး အေဂျင်စီ ကစေလွှတ်ထား ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ကာ အီရန်နိုင်ငံ က ထိုအမေရိကန်နိုင်ငံသားအား နိုင်ငံတွင်း ထိန်းသိမ်းထားခြင်းမရှိကြောင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ သည် အမေရိကန်နိုင်ငံ နှင့် အကျဉ်းသားလဲလှယ်မှု အစီအစဉ်အဖြစ် လွန်ခဲ့သည့် ရက်သတ္တပါတ် က လွှတ်ပေးခဲ့သည့် အမေရိကန်နိုင်ငံသား ငါးဦးတွင် Levinson ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

Levinson၏ မိသားစု ဝင် များက အီရန်မှ လွတ်မြောက်လာသူများ နှင့် ၎င်းတို့၏မိသားစု အတွက် ဝမ်းမြောက်မိသော်လည်း Levinson မပါဝင်ခဲ့ခြင်းအတွက် ဝမ်းနည်း ကြေကွဲ ရကြောင်း ထုတ်ပြန်ချက်တစ်ခု တွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.