Africa & Middle East
မောင်းသူမဲ့ လေယာဉ် အာဖဂန် အရှေ့ပိုင်းတွင် ပျက်ကျ

ဂျာလာလာဘတ်၊ အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
အာဖဂန် လုံခြုံရေး တပ်၏ မောင်းသူမဲ့ လေယာဉ် တစ်စီး အာဖဂန် အရှေ့ပိုင်း Nangarhar ပြည်နယ် Bati Kot ခရိုင်တွင် ပျက်ကျခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီလ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် ဇန်နဝါရီလ ၁၆ ရက် နေ့လည်ပိုင်းက အစိုးရ ဆန့်ကျင်ရေး စစ်သွေးကြွများရှိရာနေရာများကို တိုက်ခိုက်နေစဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူက ပြောသည်။
တစ်ဆက်တည်းမှာပဲ အဆိုပါ လေယာဉ် ပျက်ကျခြင်းမှာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာကြောင့် ဖြစ်ကြောင်း Nangarhar ပြည်နယ်ဆိုင်ရာ အစိုးရ ပြောရေးဆိုခွင့်ရှိသူ Attaullah Khogiani က ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါ လေယာဉ်အား ဇန်နဝါရီလ ၁၆ ရက်က ၎င်းတို့ ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း တာလီဘန် စစ်သွေးကြွများက ထုတ်ဖော်ပြောကြားထားသည်။
အာဖဂန်နစ္စတန်တွင် ယင်း မောင်းသူမဲ့ လေယာဉ်ကို စစ်သွေးကြွများအား နှိမ်နင်းရာတွင် ကျယ်ပြန့်စွာ အသုံးပြုလျက် ရှိကြောင်း သိရသည်။ (Xinhua)