Connect with us

Africa & Middle East

ဒမတ်စကပ် အရှေ့ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆီးရီးယား စစ်သား ၉ဦးသေဆုံး

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တွင် ယခင်က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်မြို့ အရှေ့ဘက်တွင် ဇန်နဝါရီ ၁၇ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အရာရှိတစ်ဦးအပါအဝင် အနည်းဆုံး ဆီးရီးယားစစ်တပ် တပ်ဖွဲ့ဝင် ၉ဦးသေဆုံးခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက သတင်းထုတ်ပြန်ခဲ့သည်။

Fajer al-Ummah သူပုန်အဖွဲ့ က စစ်တပ်အခြေစိုက်စခန်းအနီး Harasta မြို့အရှေ့ဘက် ဆင်ခြေဖုံးရှိ တူးမြောင်းတစ်ခု ၌ ဖောက်ကွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ သေဆုံးခဲ့ကြောင်း လူအခွင့်အရေးဆိုင်ရာ ဆီးရီးယား စောင့်ကြည့်လေ့လာရေးအဖွဲ့ကပြောကြားခဲ့သည်။

ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က ဗုံးဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့သည့် စစ်သားများရှိနေ၍ သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ဇန်နဝါရီ ၁၇ရက်တွင် ဆီးရီးယားစစ်တပ်က Harasta မြို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး သေဆုံးသူဦးရေ အတိအကျစာရင်းကို ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

Harasta မြို့သည် ဒမတ်စကပ်မြို့အနီးရှိ သူပုန်များထိန်းချုပ်ထားသော အဓိက ဧရိယာများအနက် မှ တစ်ခုဖြစ်ပြီး အဆိုပါ ဧရိယာသည် ဆီးရီးယားနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်း နှင့် ဒမတ်စကပ်မြို့အား ဆက်သွယ်ထားသည့် နိုင်ငံတကာလမ်းမကြီး အနီးတွင် တည်ရှိကြောင်း သိရသည်။

Harasta မြို့အတွင်းရှိ သူပုန်များသည် Harastaမြို့အနီး နိုင်ငံတကာလမ်းမအား ကျော်၍ အခြားတစ်လမ်းမှ ခရီးသည်များ သွားလာစေရန် ဆီးရီးယားအစိုးရအား သတိပေးသည့်အနေဖြင့် နိုင်ငံတကာအဝေးပြေးလမ်းမကြီး ပေါ်တွင်ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ဘတ်စ်ကားများအား စနိုက်ပါများဖြင့် ကြိမ်ဖန်များစွာ ပစ်ခတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.