Africa & Middle East
ယီမင် ဟူဒီ လက်နက်ကိုင် အဖွဲ့အစည်း ၏ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုကြောင့် အရပ်သား ၇၆ ဦး သေဆုံးခဲ့ကြောင်း ယီမင် အစိုးရ ထုတ်ပြန်
![ယီမင် နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် တိုက်ပွဲ တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2019/02/images_world_2019_02_13g1.jpg)
ကူဝိတ် စီးတီး ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
ယီမင် နိုင်ငံ အစိုးရ ၏ ဖေဖော်ဝါရီ ၁၂ ရက် ထုတ်ပြန်ကြေညာချက်အရ ယခင်နှစ် ဒီဇင်ဘာလ တွင် Hudaydah အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် အား စတင် ဆောင်ရွက်ချိန် မှ စတင်၍ ယီမင် ဟူဒီ လက်နက်ကိုင် အဖွဲ့အစည်း ၏ သဘောတူညီချက် ချိုးဖောက်မှုကြောင့် အရပ်သား ၇၆ ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။
ထုတ်ပြန်ကြေညာချက်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် ၌ Hudaydah အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် အား ချုပ်ဆိုခဲ့ပြီးနောက်ပိုင်းတွင် ယီမင် ဟူဒီ လက်နက်ကိုင် အဖွဲ့အစည်း က သဘောတူညီချက် အား အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ချိုးဖောက် ခဲ့ပြီး အရပ်သား ၇၆ ဦး သေဆုံးကာ လူပေါင်း ၅၀၀ ခန့် ဒဏ်ရာရရှိစေခဲ့ကြောင်း ပါဝင် ခဲ့သည်။
သတင်းဖော်ပြချက်များအရ ယီမင် ဟူဒီ လက်နက်ကိုင် အဖွဲ့အစည်း ဘက်ကလည်း ကာလတစ်လျှောက် ယီမင် နိုင်ငံ အစိုးရ နှင့် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွှန်ပေါင်းတပ်ဖွဲ့ တို့က သဘောတူညီချက် အား ချိုးဖောက်၍ Hudaydah ဒေသ ရှိ လူနေအိမ် ၊ လယ်ယာစိုက်ခင်း နှင့် အစိုးရ အဆောက်အဦ များကို တိုက်ခိုက်ခဲ့သည် ဟု ဝေဖန် ခဲ့ကြောင်း သိရှိရသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် ဟူဒီ လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသ ကို သိမ်းပိုက် ခဲ့သဖြင့် သမ္မတ Abdrabbuh Mansur Hadi မှာ ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် ဟူဒီ လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)