Africa & Middle East
လစ်ဗျား နိုင်ငံ အနောက်ပိုင်း ပင်လယ် ကမ်းခြေတွင် ရေကြောင်း မတော်တဆမှုကြောင့် သေဆုံး ခဲ့သည့် ရုပ်အလောင်း ၇၄ ခုတွေ့ရှိ

တူနီးရှား ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
လစ်ဗျား နိုင်ငံ IFRC (The International Federation of Red Cross and Red Crescent Societies ) က လစ်ဗျား နိုင်ငံ အနောက်ပိုင်း ရှိ Zawiya ကမ်းခြေမြို့ တွင် ရေကြောင်း မတော်တဆမှုကြောင့် သေဆုံးခဲ့သည့် ရုပ်အလောင်း ၇၄ ခုကိုတွေ့ရှိခဲ့ပြီး ၎င်းတို့မှ မြေထဲပင်လယ် ဒေသ မှ အီတလီ နိုင်ငံ တရားမဝင် ကူးပြောင်း သူများ ဖြစ်နိုင်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့ က ပြောကြား ခဲ့သည်။
လစ်ဗျား နိုင်ငံ IFRC ပြောရေးဆိုခွင့်ရှိသူ က ရုပ်အလောင်းများ၏ သွင်ပြင်လက္ခဏာများအရ သေဆုံးသူများသည် အာဖရိက နိုင်ငံ သားများ ဖြစ်နိုင်ခြေများပြီး အမျိုးသမီး မှာအများစု ဖြစ်ခဲ့ကြောင်း ၊ ၎င်းတို့သည် ပြီးခဲ့သည့် ၂ ရက်အတွင်း မတော်တဆမှု ကြုံတွေ့ခဲ့ရခြင်း ဖြစ်နိုင်ပြီး မတော်တဆ ဖြစ်ခဲ့ရသည့် အကြောင်းအရင်း ကိုမသိရှိသေးကြောင်း ပြောကြား ခဲ့သည်။
ကုလသမဂ္ဂ မှ ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် စာရင်းများအရ ၂၀၁၆ ခုနှစ်တွင် အနည်းဆုံး လူပေါင်း ၅၀၇၉ ဦး သည် မြေထဲပင်လယ် မှ တစ်ဆင့် ဥရောပ နိုင်ငံ များသို့ တရားမဝင် ကူးပြောင်းရာတွင် ပင်လယ်ထဲတွင် သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်း ဖြစ်ပွားခဲ့ပြီး လူသား သမိုင်းတစ်လျှောက် အမြင့်မား ဆုံး ဖြစ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)