Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ အယ်လ်-ဘတ်မြို့အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ လူ ၃၀ ဦး သေဆုံး

အယ်လ်ဘတ်မြို့အနီးတွင် လုံခြုံရေး တပ်ဖွဲ့များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒမတ်စကက်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အယ်လ်-ဘတ်မြို့အနီးရှိ သူပုန်များ တည်နေရာအား ပစ်မှတ်ထားပြီး အိုင်အက်စ် တိုက်ခိုက်ရေးသမား တစ်ဦးက ယနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) တွင် အသေခံ ဗုံးဖောက်ခွဲခဲ့ရာ အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ကြောင်း စောင့်ကြည့်ရေး အဖွဲ့က သတင်းတင်ပြခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် အယ်လ်-ဘတ်မြို့ အနောက်ဘက်ရှိ Susian မြို့တွင် ဖြစ်ပွားခဲ့ပြီး တူရကီ ကျောထောက်နောက်ခံပြုထားသော သူပုန်အဖွဲ့အား ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။ယင်း မြို့အား အိုင်အက်စ်များ လက်မှ တူရကီ စစ်တပ်နှင့် မိတ်ဖက် ဆီးရီးယား သူပုန်များက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြန်လည် သိမ်းယူခဲ့ခြင်းကြောင့် ယခုလို အသေခံ ဗုံးဖောက်ခွဲရခြင်း ဖြစ်ကြောင်း၊ အိုင်အက်စ်ဘက်က ယနေ့ အစောပိုင်း၌ ကြေညာခဲ့သည်။ ယင်းမြို့အား ပြန်လည် သိမ်းပိုက်သည့် Euphrates Shield စစ်ဆင်ရေး အား ရက်ပေါင်း ၁၀၀ ဆင်နွှဲခဲ့ရကြောင်း၊ ယင်း နေရာသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း တူရကီ နယ်စပ်အနီးရှိ အိုင်အက်စ်တို့ အခြေစိုက်ထားသည့် အကြီးဆုံး စခန်း တစ်ခုလည်း ဖြစ်ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် တူရကီ စစ်သားနှင့် သူပုန် တိုက်ခိုက်ရေးသမား ၄၀၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ယခုလို အယ်လ်-ဘတ်မြို့ တိုက်ခိုက်မှုအား ရုရှားနှင့် တူရကီတို့က ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117