Africa & Middle East
လစ်ဗျားနိုင်ငံ၏ ထရီပိုလီ လေဆိပ်သို့ မောင်းသူမဲ့လေယာဉ် ဝင်ရောက်လာပြီးနောက် လေကြောင်းလိုင်းများ ပြန်စ

ထရီပိုလီ၊ မတ် ၇ ရက် (ဆင်ဟွာ)
လစ်ဗျားနိုင်ငံ ထရီပိုလီမြို့အတွင်းရှိ M’etiga နိုင်ငံတကာလေဆိပ်သို့ တရားမဝင် မောင်းသူမဲ့လေယာဉ် တစ်စီး ထိုးဖောက်ဝင်ရောက်လာမှုကြောင့် လစ်ဗျားအာဏာပိုင်များက နာရီအနည်းငယ် လေဆိပ်ကို ပိတ်ခဲ့ပြီးနောက် မတ် ၆ ရက်၌ လေကြောင်းလိုင်းများ ပြန်လည်စတင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေဆိပ်ပြန်လည်ဖွင့်လှစ်ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ် ၈ခု ပြန်လည်ထွက်ခွာ နိုင်ခဲ့ကြောင်း လေဆိပ်၏တာဝန်ရှိသူများက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့သည် မောင်းသူမဲ့လေယာဉ် ထိုးဖောက်ဝင်ရောက်မှုကြောင့် လေကြောင်းလုံခြုံရေးပြန်လည် ထိန်းသိမ်းနေစဉ် လေဆိပ်အား ပိတ်ထားခဲ့ကြောင်း သိရသည်။
ယင်း အမည်မသိ မောင်းသူမဲ့လေယာဉ်ကြောင့် လေဆိပ်ပိတ်ထားရမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။(Xinhua)