Africa & Middle East
အစ္စရေး နိုင်ငံ က ယူနက်စကို မှ နှုတ်ထွက်ရန် ပြင်ဆင်နေကြောင်း ကြေညာချက် ထုတ်ပြန်
ဂျေရုစလင် ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
အစ္စရေး နိုင်ငံ ဝန်ကြီးချုပ်ရုံး အောက်တိုဘာ ၁၂ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အစ္စရေး နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ၏ ယူနက်စကို မှ နှုတ်ထွက်သည့် ဆုံးဖြတ်ချက်ကို ချီးမွမ်းဂုဏ်ပြုပြီး အစ္စရေး နိုင်ငံ အနေဖြင့်လည်း နှုတ်ထွက်ရန် ပြင်ဆင်နေကြောင်း ပါဝင်ခဲ့သည်။
အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က ထုတ်ပြန်ချက်တွင် အမေရိကန် နိုင်ငံ ၏ ဆုံးဖြတ်ချက် သည် ရဲရင့်ပြီး သဘောထားမှန်ကန် သည် ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ နှင့် တချိန်တည်း ယူနက်စကို မှ နှုတ်ထွက်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ် ရေးအတွက် အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာန ကို ညွှန်ကြားထားကြောင်း ဖေါ်ပြခဲ့သည်။
အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန သည် အောက်တိုဘာ ၁၂ ရက်နေ့၌ ယူနက်စကို မှ နှုတ်ထွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် တရားဝင် အကျိုးသက်ရောက်မည် ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ မှ ယူနက်စကို မှ နှုတ်ထွက်ရခြင်း ၏ အဓိက အကြောင်းရင်း မှာ ကြွေးကျန် များ အဆက်မပြတ် တိုးမြှင့်လာခြင်း ၊ ယူနက်စကို ၏ ပြုပြင်ပြောင်းလဲရန် လိုအပ်ခြင်း နှင့် အစ္စရေး နိုင်ငံ အပေါ် ခွဲခြားဆက်ဆံခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရှိခဲ့ရသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာ လကုန်ပိုင်း တွင် ယူနက်စကို ၌ မဲခွဲဆုံးဖြတ်မှု တစ်ရပ်ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်း နိုင်ငံ အား ယူနက်စကို ၏ အဖွဲ့ဝင် နိုင်ငံ အဖြစ် အတည်ပြုခဲ့သည်။ ပါလက်စတိုင်း နိုင်ငံ အား အဖွဲ့ဝင် နိုင်ငံ အဖြစ် အတည်ပြုပြီးနောက်တွင် အမေရိကန် နိုင်ငံ နှင့် အစ္စရေး နိုင်ငံ တို့မှ ဆန့်ကျင်ခဲ့ကြပြီး ထိုချိန်မှ စ၍ အဖွဲ့ဝင်ကြေး ပေးသွင်းခြင်းကို ရပ်ဆိုင်းလိုက်သည်။ ထို့နောက်တွင် အဖွဲ့ဝင်ကြေး ကြွေးကျန် လွန်စွာ များပြားလာသည့် အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ တွင် ယူနက်စကို က အမေရိကန် နိုင်ငံ နှင့် အစ္စရေး နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံ အား ယူနက်စကို တွင် မဲပေးခွင့်ကို ရပ်ဆိုင်းခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)