Connect with us

Africa & Middle East

ဆီးရီးယားတွင် အီရန် နိုင်ငံပိုင် ရုပ်သံလိုင်းဝန်ထမ်းများကို IS စစ်သွေးကြွများက တိုက်ခိုက်

ဆီးရီးယားနိုင်ငံရှိ IS စစ်သွေးကြွများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ Al-Mayadeen မြို့၌ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတွင် အီရန်နိုင်ငံပိုင်ရုပ်သံလိုင်း ဝန်ထမ်းများ လိုက်ပါလာသည့် ကားတစ်စီးအား IS စစ်သွေးကြွတို့က တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံပိုင် IRIB ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

IS လက်ဖြောင့်သေနတ်သမား၏ ပစ်ခတ်မှုကြောင့် ယာဉ်ထိခိုက်ပျက်စီးခဲ့သော်လည်း ဝန်ထမ်းများဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

Al-Mayadeen မြို့ သည် ဆီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Deir al-Zour မြို့အတွင်းကျန်ရှိနေသည့် ISတို့၏ ခြေကုပ်ယူရာစခန်းများအနက်တစ်ခုဖြစ်ကြောင်း သိရသည်။

မကြာသေးမီက ဆီးရီးယားစစ်တပ် နှင့် မဟာမိတ်တပ်များသည် ယင်းဧရိယာကို ထိုးစစ်ဆင်ခဲ့ပြီး Al-Mayadeen မြို့ကို ဝိုင်းထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.