Connect with us

Africa & Middle East

အမေရိကန်အစပြုသည့် ကုန်သွယ်ရေးပွတ်တိုက်မှုသည် တစ်ကမ္ဘာလုံးရင်ဆိုင်ရမည့် စိန်ခေါ်မှုဖြစ်သည်ဟု အီရန် ဆို

အီရန်နိုင်ငံ တီဟီရန်မြို့ မြင်ကွင်းတစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံက အစပျိုးလိုက်သည့် ဘက်ပေါင်းစုံ ကုန်သွယ်ရေးပွတ်တိုက်မှုသည် လက်ရှိ ကမ္ဘာတွင် ရင်ဆိုင်ရမည့် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်ကြောင်း ၊ အမေရိကန်၏ဗိုလ်ကျစိုးမိုးမှုဝါဒက ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေကြောင်း အီရန် အစ္စလာမ္မစ်ညွှန်ပေါင်းပါတီ (ICP)အထွေထွေအတွင်းရေးမှူး Asadollah Badamchianက လွန်ခဲ့သောရက်၌ အင်တာဗျူး မေးမြန်းရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်၏ဗိုလ်ကျစိုးမိုးမှုဝါဒက တရုတ်-အမေရိကန် ကုန်သွယ်ရေးပွတ်တိုက်မှုတွင် အထူးပင်ထင်ရှားပေါ်လွင်ကြောင်း ၊ ဟွာဝေးကဲ့သို့ တရုတ်ကုမ္ပဏီများကို အစအနမရှိသံသယဝင်ခြင်း ၊ အတင်းအကြပ်ပိတ်ဆို့ခြင်းများက တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု လျှင်မြန်နေသည့်အပေါ် ၎င်း၏ စိုးရိမ်ကြောင့်ကြနေခြင်းကို ထင်ဟပ်ကြောင်း Asadollah Badamchianဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် Household savings rateက မြင့်မားသလို ကမ္ဘာလုံးဆိုင်ရာပါဝင်မှုနှင့် စီးပွားရေးလည်ပတ်လှုပ်ရှားမှုများရှိကြောင်း ၊တရုတ်နိုင်ငံ၏စဉ်ဆက်မပြတ်သော သက်ဆိုင်ရာမူဝါဒများက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် ခိုင်မာသည့် အာမခံမှုကိုပေးနိုင်ရာ အမေရိကန်၏ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးသည့်လမ်းစဉ်ကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အီရန် အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းကာ ရပ်ဝန်းနှင့်ပိုးလမ်းမ တည်ဆောက်ရေးတွင် တက်တက်ကြွကြွပါဝင်တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ အီရန်-တရုတ်နှစ်နိုင်ငံသည် ယခင်ကတည်းက ပိုးလမ်းမချိတ်ဆက်မှုများ နီးနီးကပ်ကပ်ရှိခဲ့ကြောင်း ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အစီအစဉ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ၊ ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရန် တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ရာ မှန်ကန်သည့်လမ်းစဉ် ဖြစ်ကြောင်း Asadollah Badamchianက ပြောကြားခဲ့သည်။ (Xinhua)