Connect with us

Africa & Middle East

ဆော်ဒီအာရေးဗျလေတပ် နှင့် အမေရိကန် လေတပ်တို့ပင်လယ်ကွေ့ဒေသတွင် ပူးတွဲ ကင်းလှည့်

KC-135R ဆီဖြည့်လေယာဉ်မှ အမေရိကန် F-15C လင်းယုန်တောင်ပံတိုက်လေယာဉ်အား ပင်လယ်ကွေ့ ဒေသတွင် ဇွန် ၂ ရက်က ဆီဖြည့်ပေးနေပုံ(ဆင်ဟွာ/ရိုက်တာ)

ရီးယက်ဒ် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်( U.S.Central Command) တပ်စွဲထားသော ပင်လယ်ကွေ့ဒေသတွင် ဆော်ဒီတော်ဝင်လေတပ်မှ F-15C လင်းယုန်တောင်ပံ တိုက်လေယာဉ် နှင့် အမေရိကန်လေတပ်မှ F-15C လင်းယုန်တောင်ပံ တိုက်လေယာဉ်တို့သည် အတူတကွပူးတွဲ၍ လေကြောင်းချီကင်းလှည့်မှုများပြုလုပ်ခဲ့ကြောင်း ဆော်ဒီအာရေးဗျနိုင်ငံက ဇွန် ၁၆ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

အဆိုပါ ပူးတွဲကင်းလှည့်မှုကို ဇွန် ၂ ရက်က ပြုလုပ်ခဲ့ပြီး ယင်းမှာ နှစ်နိုင်ငံ စစ်တပ်အချင်းချင်းအကြား ဆက်ဆံရေးတည်ဆောက်မှုကို ဆက်လက်တွန်းအားပေးရန် ကြီးမားသော ကြိုးပမ်းအားထုတ်မှုများအနက် တစ်စိတ်တစ်ပိုင်း အပါအဝင်ဖြစ်ကြောင်း ဆော်ဒီသတင်းအေဂျင်စီက မီးမောင်းထိုး ဖော်ပြခဲ့သည်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန်အယ်ဆော့(Mohammed bin Salman Al Saud) က ပြည်တွင်း Al Sharq Al Awsat သတင်းဌာနသို့ဇွန် ၁၆ ရက်တွင် ပြောကြားရာ၌ ဆော်ဒီ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးသည် ဒေသတွင်း လုံခြုံရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အဓိကသော့ချက်ဖြစ်၍ အလွန်အရေးပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.