Africa & Middle East
အာဖဂန် မြို့တော်တွင် အသေခံဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၁ဦးအထိ မြင့်တက်လာ

ကဘူးလ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ ၏ အနောက်ပိုင်းရှိ ရွေးကောက်ပွဲဆိုင်ရာ မှတ်ပုံတင်သည့် နေရာတွင် ဧပြီ ၂၂ ရက်က အသေခံဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ သေဆုံးသူ ဦးရေသည် ၃၁ဦးအထိ မြင့်တက်လာပြီး အခြားလူ ၅၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဗုံးပေါက်ကွဲမှုသည် ကဘူးလ်မြို့ Dashti Barchi ဒေသ၊ Qala-e-Nazir ဧရိယာ၊ ရဲတပ်ရင်းအမှတ် (၆) ရှိ ဆန္ဒမဲပေးမှု မှတ်ပုံတင်ရုံးတည်ရှိရာ ဒေသခံကျောင်းတစ်ခု အရှေ့တွင် ဒေသစံတော်ချိန် နံနက် ၁၀း၀၀နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် လူပေါင်းများစွာ အဆောက်အအုံနားတွင် ဆန္ဒမဲပေးမှု အတွက် စာရင်းပေးသွင်းရန် စောင့်ဆိုင်းနေကြကြောင်း သိရသည်။ (Xinhua)