Africa & Middle East
အာဖဂန်နိုင်ငံ မြို့တော်တွင် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လူပေါင်းများစွာ သေဆုံး
ကဘူးလ်၊ မတ် ၇ ရက် (ဆင်ဟွာ)
အာဖဂန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ အနောက်ဘက်တွင် မတ်လ ၇ ရက်က အဆင့်မြင့်အရာရှိများနှင့် နိုင်ငံရေးသမားများ စုဝေးရောက်ရှိနေစဉ် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လူပေါင်းများစွာ သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
မတ်လ ၇ ရက် နေ့လယ်ပိုင်းကဘူးလ်မြို့အနောက်ပိုင်းအနီး လက်နက်ကြီးဖြင့် အနည်းဆုံး လေးကြိမ် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ လုံခြုံရေးအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အာဖဂန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြန်ကြားရေးရုံးက လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများမှာ နေအိမ်တစ်အိမ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပြီးနောက် လူတစ်ဦးဖမ်းဆီးခံရကြောင်း တွစ်တာပေါ်၌ ရေးသားခဲ့သည်။
တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာမှ အစိုးရတာဝန်ရှိသူများ ဘေးကင်းစွာ လွတ်မြောက်သွားခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့ကမှ တာဝန်ယူပြောကြားထားခြင်း မရှိပေ။ (Xinhua)