Africa & Middle East
အာဖဂန်နိုင်ငံ မြို့တော်တွင် ပေါက်ကွဲမှုဖြစ်ပွား
ကဘူးလ်၊ မေ ၈ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့လယ်တွင် မေလ ၈ ရက်က ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများရှိခဲ့ကြောင်း၊ ဒေသခံများအကြား ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
“ရဲတပ်ရင်းအမှတ် ၁၀ ရှာ-အီ-နော်ရပ်ကွက်မှာ ဒေသစံတော်ချိန် နံနက် ၁၁း၄၀ နာရီခန့်က ပေါက်ကွဲသံကြီး ကြားလိုက်ရတယ်။ အဲဒီနေရာတစ်ခုလုံးကို လုံခြုံရေးစည်းတားထားလိုက်ပြီ” ဟု မျက်မြင်သက်သေ အာမန် ခါရီမီက ဆင်ဟွာသို့ ပြောခဲ့သည်။
ထို့ပြင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေနတ်သံများလည်း ကြားခဲ့ရကြောင်း ၎င်းကဆိုသည်။
“ပေါက်ကွဲမှုကြောင့် ပျက်စီးမှုတွေနဲ့ လူသေဆုံးမှုတွေဖြစ်ခဲ့တယ်။ အချက်အလက်တွေတော့ ကျွန်တော်တို့ မရသေးပါဘူး။ ဒါပေမဲ့ သတင်းအချက်အလက်တွေ ထပ်ရအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ထိုရဲတပ်ရင်းမှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက တယ်လီဖုန်းမှတစ်ဆင့် ဆင်ဟွာသို့ ပြောခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမှ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိပေ။ (Xinhua)