Africa & Middle East
အီရန် လေဆိပ်တစ်ခုတွင် လေ့ကျင့်ရေးလေယာဉ်တစ်စီး ပျက်ကျရာ လူ ၂ဦးသေဆုံး

တီဟီရန်၊ မေ ၃၀ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ Imam Khomeini လေဆိပ် (IKA) တွင် မေ ၂၉ ရက် ညနေပိုင်းက လေ့ကျင့်ရေးလေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ လူ၂ဦးသေဆုံးခဲ့ကြောင်း ISNA သတင်းဌာန ကဖော်ပြခဲ့သည်။
လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူး ၂ဦး သေဆုံးသွားခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏အရေးပေါ်အခြေအနေများဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။
လေယာဉ်သည် ဒေသစံတော်ချိန် ည ရး၁၅နာရီ တွင် မြို့တော် တီဟီရန်မြို့ တောင်ပိုင်းခရိုင်အတွင်း လေ့ကျင့်ရေးဆောင်ရွက်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တီဟီရန်မြို့အစွန်အဖျားတွင် လွန်ခဲ့သည့် နှစ်များကလည်း အလားတူ ဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၆ခုနှစ် စက်တင်ဘာလကလည်း တီဟီရန်မြို့ အနီး Alborz ပြည်နယ်တွင် လေ့ကျင့်ရေးလေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ယင်းနှစ်၌ပင် Nazarabad မြို့၌ လေ့ကျင့်ရေးလေယာဉ် ပျက်ကျခဲ့ရာ လေယာဉ်မှူးတစ်ဦး နှင့် တွဲဖက်လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)