Africa & Middle East
အီရန်တွင် ဒုသမ္မတဟောင်းအား လာဘ်ပေးလာဘ်ယူမှု ဖြင့် ထောင် ၁၅နှစ် ချမှတ်

တီဟီရန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ တရားရုံး က မတ် ၁၄ရက်တွင် အီရန်နိုင်ငံ ဒုတိယသမ္မတဟောင်း Hamid Baghaei အား ထောင်ဒဏ် ၁၅နှစ်ချမှတ်ခဲ့ကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
Hamid Baghaei သည် သမ္မတဟောင်း Mahmoud Ahmadinejad ၏ အုပ်ချုပ်ရေးအောက်ရှိ အလုပ်အမှုဆောင်ရေးရာများအတွက် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာ အကျင့်ပျက်ခြစားမှု တွင် ပြစ်မှုထင်ရှားကြောင်းတွေ့ရှိခဲ့သည်။
၎င်းအား ဒဏ်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၈.၉၆သန်း နှင့်ညီမျှသော အီရန်ငွေ ရီရယ် ၄၃၀ဘီလီယံ ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)