Asia
ကမ္ဘောဒီးယားနိုင်ငံ ဘုရင် တရုတ် နိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် လာရောက်
ဖနွမ်းပင်၊ ဇွန် ၂ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni သည် နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ ခိုင်မြဲရေး နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်နိုင်ရန် အတွက် ၎င်း၏ သုံးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် တရုတ်နိုင်ငံ မြို့တော် ပေကျင်းသို့ ဇွန်လ ၂ ရက် နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni အား ကမ္ဘောဒီးယားနိုင်ငံ အထက် လွှတ်တော် ဥက္ကဋ္ဌ Samdech Say Chhum၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Samdech Heng Samrin၊ တရုတ်နိုင်ငံ သံရုံးတာဝန်ရှိသူများ နှင့် အခြား အဆင့်မြင့် အရာရှိများက လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
အသက် ၆၃ နှစ် ရှိပြီ ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် သွားရောက်ခြင်း ဖြစ်ကြောင်း နိုင်ငံသားများ ထံသို့ တော်ဝင် သတင်းစကား ပေးပို့ခဲ့သည်။
Sihamoni က ၎င်း မရှိစဉ် အတောအတွင်း အထက်လွှတ်တော် ဥက္ကဋ္ဌ Samdech Say Chhum မှ ကမ္ဘောဒီးယားနိုင်ငံ၏ ခေါင်းဆောင်အဖြစ် ခေတ္တတာဝန်ယူ ထမ်းဆောင်ပေးသွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)