Connect with us

Asia

တောင်ကိုရီးယား မြေအောက် ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မတော်တဆ ဖြစ်မှုကြောင့် ၄ ဦးသေ၊ ၁၀ ဦး ဒဏ်ရာ ရရှိ

ပြိုကျမှုဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားရှိ မြေအောက် ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ကယ်ဆယ်ရေး ဝန်ထမ်းများ ရောက်ရှိနေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ မြေအောက် ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မတော်တဆ ပြိုကျမှု တစ်ခု ဖြစ်ပွားခဲ့၍ လူ ၄ ဦး သေဆုံးပြီး ၁၀ ဦးထက် မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Yonhap သတင်းဋ္ဌာနနှင့် ပြည်တွင်း ရုပ်သံ ထုတ်လွှင့်ဋ္ဌာန YTN က ဇွန်လ ၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

မီးသတ်ဦးစီးဋ္ဌာန တာဝန်ရှိသူ တစ်ဦးက ဆိုးလ်မြို့အရှေ့ပိုင်း Namyangju မြို့ရှိ မြေအောက် ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဒေသစံတော်ချိန် ရး၂၇ နာရီ ၌ ပြိုကျမှု တစ်ခု ဖြစ်ခဲ့ကြောင်း နှင့် ပြိုကျမှု ဖြစ်ပွားရခြင်း အကြောင်းအရင်းကို မသိရှိသေးကြောင်း ပြောကြားခဲ့သည်။
ပြိုကျမှုကြောင့် လေးဦး သေဆုံးပြီး ၈ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ အနက် သုံးဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ကျန်ငါးဦးမှာမူ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။
Yonhap သတင်းဋ္ဌာန၏ ပြောကြားချက်အရ ဒဏ်ရာရရှိသူ နှစ်ဦးအား ထပ်မံ တွေ့ရှိခဲ့ပြီး စုစုပေါင်း ဒဏ်ရာရရှိသူ ၁၀ ဦးနှင့် သေဆုံးသူ ၄ ဦး ရှိလာကြောင်း နှင့် ပြိုကျမှု ဖြစ်ပွားချိန်၌ အဆိုပါ လုပ်ငန်းခွင် အနီးတွင် စုစုပေါင်း လူ ၁၇ ဦး အလုပ် လုပ်နေကြောင်း သိရသည်။
ဂဟေဆော်နေစဉ် အောက်စီဂျင်အိုးများ ပေါက်ကွဲရာမှ ပြိုကျမှု ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး အကြောင်းရင်း အတိအကျကို မူ စုံစမ်း စစ်ဆေးဆဲ ဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရေး ဝန်ထမ်းများနှင့် ကယ်ဆယ်ရေး ယာဉ်များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေကြပြီး ပြိုကျမှု အတွင်း ပိတ်မိနေသူများ ရှိ၊မရှိ ဆက်လက်ရှာဖွေရန် လုပ်ဆောင်နေကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.