Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ မင်းသားကြီး ရာနာရစ် နှင့် ကြင်ယာတော်တို့ယာဉ်မတော်တဆမှုဖြစ်ပွား

ကမ္ဗောဒီးယားနိုင်ငံမင်းသားကြီး နိုရိုဒွန်ရာနာရစ် အလှူအတန်းပြုလုပ်နေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ Funcinpec ပါတီ ဥက္ကဋ္ဌ မင်းသားကြီး နိုရိုဒွန်ရာနာရစ် (Ranariddh) နှင့် ဇနီး Ouk Phalla တို့သည် နိုင်ငံ အနောက်တောင်ပိုင်း Preah Sihanouk ပြည်နယ်၌ ယနေ့ဇွန် ၁၇ ရက်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ဆိုသည်။

“ မင်းသားကြီးနဲ့ကြင်ယာတော်တို့နှစ်ယောက်စလုံး ဒဏ်ရာအသီးသီးရသွားကြတယ်။ မင်းသားကြီးကတော့ ခေါင်းနဲ့ခြေထောက်တွေ မှာ ဒဏ်ရာရသွားတယ်။ ဒါပေမယ့် စိုးရိမ်စရာတော့မရှိပါဘူး” ဟု Sihanouk ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် Chuon Narin က ဆင်ဟွာသတင်းဌာနသို့အတည်ပြုပြောကြားခဲ့သည်။မင်းသားကြီး၏ ကြင်ယာတော် Ouk Phalla သည် ကားတိမ်းမှောက်မှုဖြစ်စဉ်အတွင်း ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ရဲအရာရှိက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.