Connect with us

Asia

ဂျပန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူဦးရေ တစ်ရာကျော် အထိ တိုးမြင့်လာ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများ ဖုံးလွှမ်းနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံနေရာ အမြောက်အမြားတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် ဘေးအန္တရာယ်များဖြစ်ပွားလျက်ရှိရာ သေဆုံးသူဦးရေ တစ်ရာကျော်အထိ တိုးမြင့် လာပြီး လူပေါင်း ဒါဇင်နှင့်ချီ ပျောက်ဆုံးနေကြောင်း ဂျပန်မီဒီယာများ၏ ဇူလိုင်လ ၉ ရက်နေ့ တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းအထိ သေဆုံးသူ ၁၀၄ ဦး ရှိရာ အခြေအနေဆိုးဝါးသည့် Hiroshima စီရင်စုတွင် သေဆုံးသူဦးရေ အများဆုံးဖြစ်ပြီး သေဆုံးသူ ၄၂ ဦး အထိရှိကြောင်း ၊ ထို့အပြင် Hiroshima ၊ Ehime စသည့်နေရာများတွင် ပျောက်ဆုံးနေသူ ၅၀ ကျော်ရှိကြောင်း ၊ လူအသေအပျောက် ထပ်တိုးနိုင်ဖွယ်ရှိကြောင်း Kyodo သတင်းအေဂျင်စီ၏ ထုတ်ပြန်ချက်များ သိရသည်။

ဂျပန်အစိုးရသည် ကူညီကယ်ဆယ်မှုများ အစွမ်းကုန် လုပ်ဆောင်ရန် ကယ်ဆယ်ရေး လူအင်အားကို အယောက် ၇၃၀၀၀ ၊ ရဟတ်ယာဉ် အစီး ၇၀ အထိ အားဖြည့် ထားကြောင်း အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga က ဇူလိုင် ၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရေကြီးမြေပြိုမှုများကြောင့် အဆောက်အအုံများ ပျက်စီးပြိုလဲခြင်း ၊လမ်းများရေဖုံးလွှမ်းခြင်း စသည့် ပြဿနာများ ဖြစ်ပွားနေပါသည်။

ဇူလိုင်လ ၈ ရက်နေ့ ညပိုင်း ၉ နာရီခန့်က မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၂၃၀၀၀ ကျော် ဒုက္ခသည်စခန်းများ သွားရောက်ခိုလှုံခဲ့ရကြောင်း ဂျပန်နိုင်ငံ ဆက်သွယ်ရေးနှင့်ပြည်ထဲရေးဝန်ကြီးဌာန ၊မီးသတ်ဦးစီးဌာန၏စာရင်းများအရ သိရသည်။ ဂျပန်အစိုးရက ထိုနေ့တွင်ပင် ဝန်ကြီးချုပ်ရုံး၌ သက်ဆိုင်ရာ အစည်းအဝေးပွဲများပြုလုပ်ခဲ့သည်။ ဝန်ကြီးချုပ်ရှင်ဇိုအာဘေး(Shinzo Abe) က ကူညီကယ်ဆယ်မှုများနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များကို ပိုမို ကောင်းမွန်စွာဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာဌာနအကြား ဆက်သွယ်ဆောင်ရွက်နိုင်သည့် အဖွဲ့များဖွဲ့စည်းထားရန် ညွှန်ကြား ထားသည့်အပြင် ဗဟိုအစိုးရက ကပ်ဘေးသင့်နေရာများကို ဘဏ္ဍာရေးအထောက်အပံ့များပေးမည် ဟု ဆိုပါသည်။

သက်ဆိုင်ရာနေရာအသီးသီးတွင် မိုးရေကြီးခြင်းသတိပေးချက်များ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သော် လည်း ရက်ဆက်မိုးရွာသွန်းမှုကြောင့် မြေဆီလွှာများလျော့ရဲနေရာ အခြားဘေးအန္တရာယ်များ ဖြစ်ပွား နိုင်သောကြောင့် သတိနှင့်နေကြရန် ဂျပန်မိုးဇလအေဂျင်စီက ဆိုသည်။

ထို့အပြင် ပစိဖိတ်သမုဒ္ဒရာ၏အင်တီဆိုက်ကလုန်းသက်ရောက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ သည့် စီရင်စု ၉ ရှိ ဒေသများတွင် ဇူလိုင် ၉ရက်နေ့၌ အပူချိန်မြင့်တက်လာနိုင် ဖွယ်ရှိရာ အချို့နေရာ များတွင် ၃၅ ဒီဂရီစင်တီဂရိတ်ကျော် အထိ ရှိနိုင်သောကြောင့် ရေဘေးဒုက္ခသည် များနှင့် ကယ်ဆယ် ရေးသမားများ အပူမရှပ်အောင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် မိုးဇလက သတိပေးထား ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.