Connect with us

Asia

ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ကာတွန်းရုပ်ရှင်စတူဒီယို မီးရှို့တိုက်ခိုက်မှုတွင် သေဆုံးသူ ၂၀ ရှိပြီး လူပေါင်းများစွာ ဒဏ်ရာရရှိ

ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ကာတွန်းရုပ်ရှင်စတူဒီယို မီးလောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်ပိုင်း ကျိုတိုမြို့ရှိ ကာတွန်းရုပ်ရှင်စတူဒီယိုတစ်ခုတွင် မီးရှို့တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၀ ဦးကျော်ရှိလာခဲ့ပြီး အခြားလူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ အချို့မှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိကြောင်း ဒေသခံမီဒီယာက ဇူလိုင်လ ၁၈ရက်တွင် သတင်းရေးသားထားသည်။

နောက်ဆုံးသတင်းများအရ မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၀ ဦးအထက် မြင့်တက်လာခဲ့ကြောင်း၊ ဇူလိုင်လ ၁၈ ရက်နံနက်ပိုင်း ဒေသစံတော်ချိန် နံနက် ၁၀း၃၀ နာရီခန့်က မီးစတင်လောင်ခဲ့သည့် သုံးထပ်ရှိသော ကျိုတိုကာတွန်းရုပ်ရှင်ကုမ္ပဏီ၏ ပထမထပ်နှင့် ဒုတိယမြောက်အထပ်များမှ ရုပ်အလောင်းများအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင်တွင် တွေ့ရှိချက်အရ အသက် ၄၁ နှစ်ရှိသော လက်ရှိဆေးရုံရောက်နေသည့် အမျိုးသားတစ်ဦးက မီးမလောင်မီ အဆောက်အဦဝန်းကျင်သို့ ဓာတ်ဆီဟုယူဆရသော မီးလောင်စေသည့်အရည်ဖျန်းခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ သံသယရှိသူအား ထိန်းသိမ်းထားပြီး မီးလောင်မှုတွင် ရရှိသည့် ဒဏ်ရာများကြောင့် ဆေးရုံတွင် ကုသမှုခံယူနေကြောင်း စုံစမ်းစစ်ဆေးသူများက ပြောခဲ့သည်။

အခင်းဖြစ်ပွားရာနေရာ၌ ဓားများနှင့် ဓားနှင့်တူသောအရာများ တွေ့ရှိခဲ့သော်လည်း ထိုအရာများမှာ သံသယရှိသူပိုင်ဆိုင်ခြင်း ဟုတ်မဟုတ်ဆိုသည်ကို စုံစမ်းစစ်ဆေးသူများက ဆုံးဖြတ်ရဦးမည်ဟု ဆိုသည်။

အဆိုပါ ကာတွန်းရုပ်ရှင်ကုမ္ပဏီအား ၁၉၈၀ ပြည့်လွန်နှစ်များအတွင်းကတည်ထောင်ခဲ့ပြီး သက္ကရာဇ် ၂၀၀၀ ပြည့်လွန်နှစ်များတွင် ထုတ်လွှင့်ခဲ့သည့် ၎င်း၏ ကာတွန်းရုပ်ရှင်များကြောင့် လူသိများခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.