Connect with us

Asia

ဂျပန်နိုင်ငံ နာဂါနိုစီရင်စုတွင် အင်အား ၅.၁ ပမာဏ ရှိ ငလျင်တစ်ခု လှုပ်ခတ်သွား

ငလျင်တိုင်းတာမှု ပုံစံတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ နာဂါနိုစီရင်စု နှင့် အနီးအနား ဧရိယာများတွင် အောက်တိုဘာ ၇ ရက်က အင်အား ၅.၁ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက ဖော်ပြခဲ့သည်။

ငလျင်သည် ဒေသစံတော်ချိန် နံနက် ၁၀း၁၄နာရီတွင် မြောက်လတ္တီကျု ၃၅ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၃၇.၆ဒီဂရီ ရှိ မြေပြင်အနင် ၄၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု၊ ဒဏ်ရာရရှိမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးသလို ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းလည်းမရှိကြောင်း သိရသည်။ (Xinhua)