Connect with us

Asia

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ အနုမြူဗုံးကျဲခံရခြင်း ၇၄ နှစ်မြောက် အခမ်းအနားကျင်းပ

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ ရှိ အနုမြူဗုံးဒဏ်ခံရသော အဆောက်အအုံဟောင်းတစ်လုံးအား ကျောင်းသားကျောင်းသူများ လေ့လာနေစဉ်(ဆင်ဟွာ)

ဟီရိုရှီးမား ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့အား ဒုတိယကမ္ဘာစစ်ပြီးဆုံးလုနီးပါးအချိန်တွင် အမေရိကန်နိုင်ငံက အနုမြူဗုံးကျဲချခဲ့ခြင်း ၇၄ နှစ်မြောက်အခမ်းအနားကို ယနေ့သြဂုတ် ၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အောက်မေ့ဖွယ်နှစ်ပတ်လည်နေ့အခမ်းအနားကို ဟီရိုရှီးမားမြို့Ground Zero အနီးရှိ ငြိမ်းချမ်းရေးအမှတ်တရပန်းခြံ၌ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၉ဝ ကျော်မှ ကိုယ်စားလှယ်များအပါအဝင် ဧည့်ပရိသတ် ၅ သောင်းကျော် တက်ရောက်ကာ ဗုံးကျဲမှုအတွင်း သေဆုံးခဲ့ရသူများအတွက် အလေးပြုခဲ့ကြကြောင်း သိရသည်။

အခမ်းအနား၌ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မိန့်ခွန်းပြောကြားရာတွင် “ နျူကလီးယားကင်းစင်သော ကမ္ဘာကြီးတစ်ခုဖြစ်စေရေး” ကြိုးပမ်းအားထုတ်သွားရန် အလွန်အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် အနုမြူဗုံးဒဏ်ကို တွေ့ကြုံခံစားခဲ့ရသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံအနေဖြင့် Reiwa ခေတ်( ဘုရင်အာကီဒိုအုပ်စိုးသောခေတ်) တွင် နျူကလီးယားလက်နက်ကင်းစင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြီးမြောက်ခြင်းမရှိသေးဘဲ ကျန်ရှိနေဆဲဖြစ်ကြောင်း အာဘေးက ဆိုသည်။

လူကလေး “ Little Boy ” ဟူ၍ အမည်ပေးထားသော အနုမြူဗုံးတစ်လုံးကို ဂျပန်နိုင်ငံအနောက်ပိုင်းရှိ ဟီရိုရှီးမားမြို့ပေါ်သို့ ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကျဲချခဲ့ရာ ယင်းနှစ် နှစ်ကုန်ပိုင်းအထိ ခန့်မှန်းခြေ လူပေါင်း ၁၄ဝ,ဝဝဝ ခန့်သေဆုံးခဲ့ရသည်။

ထို့ပြင် ၁၉၄၅ ခုနှစ် သြဂုတ် ၉ ရက်တွင် နာဂါဆာကီမြို့ပေါ်သို့လည်း အနုမြူဗုံးတစ်လုံး ထပ်မံကျဲချခဲ့ရာ ဂျပန်နိုင်ငံသည် လက်နက်ချအရှုံးပေးခဲ့ရသလို ဒုတိယကမ္ဘာစစ်လည်း အဆုံးသတ်ခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.