Connect with us

Asia

တရုတ် နိုင်ငံ ပူးပေါင်းပါဝင် သည့် ရုရှား နိုင်ငံ “အရှေ့တိုင်း-၂၀၁၈” မဟာဗျူဟာ မြောက် စစ်ရေးလေ့ကျင့်မှု စတင် ကျင်းပ


ချီတာ ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ၏ ၁၉၈၁ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးသော စစ်ရေး လေ့ကျင့်မှု ဖြစ်သည့် တရုတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ ပူးပေါင်းပါဝင် သော “အရှေ့တိုင်း-၂၀၁၈” စစ်ရေး လေ့ကျင့်မှု ကို စက်တင်ဘာ ၁၁ ရက် တွင် ရုရှား နိုင်ငံ ချီတာ စစ်ရေး လေ့ကျင့်မှု စခန်း ၌ တရားဝင် စတင် ကျင်းပ ပြုလုပ် ခဲ့သည်။

“အရှေ့တိုင်း-၂၀၁၈” စစ်ရေး လေ့ကျင့်မှု သည် ရုရှား နိုင်ငံ ၏ အကြီးမားဆုံးသော စစ်ရေး လေ့ကျင့်မှု တစ်ခု ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှု တွင် ရုရှား နိုင်ငံ တပ်ဖွဲ့ဝင် ၃ သိန်းကျော် ၊ စစ်ဘက်ဆိုင်ရာ ယာဉ် ၃၆,၀၀၀ စင်း ၊ လေယာဉ်မျိုးစုံ ၁,၀၀၀ ကျော် ၊ စစ်သင်္ဘော အစင်း ၈၀ ခန့် ပါဝင် သွားမည် ဖြစ်ပြီး တရုတ် နိုင်ငံ မှ တပ်ဖွဲ့ဝင်ပေါင်း ၃,၂၀၀ ခန့် ၊ စစ်ဘက်ဆိုင်ရာ ယာဉ်ပေါင်း ၁,၀၀၀ ကျော် ၊ လေယာဉ် နှင့် ရဟတ်ယာဉ် ပေါင်း ၃၀ တို့ပါဝင် ကြမည် ဖြစ်သည်။

တရုတ် နိုင်ငံ ပူးပေါင်းပါဝင် သည့် ရုရှား နိုင်ငံ “အရှေ့တိုင်း-၂၀၁၈” မဟာဗျူဟာ မြောက် စစ်ရေးလေ့ကျင့်မှု မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ ပူးပေါင်းပါဝင် သည့် ရုရှား နိုင်ငံ “အရှေ့တိုင်း-၂၀၁၈” မဟာဗျူဟာ မြောက် စစ်ရေးလေ့ကျင့်မှု မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ ပူးပေါင်းပါဝင် သည့် ရုရှား နိုင်ငံ “အရှေ့တိုင်း-၂၀၁၈” မဟာဗျူဟာ မြောက် စစ်ရေးလေ့ကျင့်မှု မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ ပူးပေါင်းပါဝင် သည့် ရုရှား နိုင်ငံ “အရှေ့တိုင်း-၂၀၁၈” မဟာဗျူဟာ မြောက် စစ်ရေးလေ့ကျင့်မှု မြင်ကွင်း(ဆင်ဟွာ)

ရုရှား နိုင်ငံ “အရှေ့တိုင်း-၂၀၁၈” မဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှု ကို လေ့ကျင့်ရေး စခန်း ၅ ခု ၊ လေကြောင်း ကာကွယ်ရေး လေ့ကျင့်ရေး စခန်း ၄ ခု ၊ ဂျပန် ပင်လယ်ပြင် ၊ Bering ပင်လယ်ပြင် နှင့် Okhotsk ပင်လယ်ပြင် တို့တွင် တပြိုင်တည်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး တရုတ် နိုင်ငံ စစ်တပ် ပူးပေါင်းပါဝင် သော ချီတာ စစ်ရေး လေ့ကျင့်မှု စခန်း က စစ်ရေးလေ့ကျင့်မှု တစ်ရပ်လုံး၏ အဓိက အစိတ်အပိုင်း တည်နေရာ ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှု အတွင်း တရုတ်-ရုရှား နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ တို့မှ အနီးကပ် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု ၊ အတူတကွ ကာကွယ်ရေး အခင်းအကျင်း ဆောင်ရွက်မှု ၊ ရွေ့လျား စစ်ရေး တိုက်ခိုက်မှု ၊ ရေကြောင်း အတားအဆီး ဖြတ်ကျော်မှု ၊ လျှပ်တပြက် တိုက်ခိုက်မှု နှင့် ပူးပေါင်း တုန့်ပြန် တိုက်ခိုက်မှု တို့ကို လက်တွေ့ စစ်မြေပြင် ပုံစံ ဖြင့် ကြည် ၊ လေ ပူးပေါင်း စစ်ရေး လေ့ကျင့်မှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.