Connect with us

Asia

တောင်ကိုရီးယား လက်နက်စက်ရုံပေါက်ကွဲမှုကြောင့် လူ ၂ဦးသေဆုံး၊ ၃ဦး ဒဏ်ရာရရှိ

တောင်ကိုရီးယားနိုင်ငံမှ အရေးပေါ်လူနာတင်ယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုးလ်၊ မေ ၂၉ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အလယ်ပိုင်း ဒေသရှိ လက်နက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး အလုပ်သမား ၂ဦးသေဆုံးပြီး အခြားလူ ၃ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Yonhap သတင်းဌာန က မေ ၂၉ ရက်တွင်ဖော်ပြခဲ့သည်။

Chung Cheong ပြည်နယ် Daejon မြို့ရှိ Hanwha လက်နက်စက်ရုံတစ်ခုတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတစ်ခု ကြောင့် ဒေသစံတော်ချိန် ၄း၁၇နာရီတွင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

စက်ရုံအတွင်းရှိ အလုပ်သမား ၂ဦးသေဆုံးခဲ့ပြီး အခြားလူ ၃ဦးမှာ မီးလောင်ဒဏ်ရာများရရှိခဲ့၍ နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မီးသတ်ဌာနများက အခင်းဖြစ်ပွားရာသို့ မီးသတ်ယာဉ် ၂၉ စီး နှင့် မီးသတ်သမား ၅၃ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။

အာဏာပိုင်များက မီးအား ငြိမ်းသတ်နိုင်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.