Asia
တောင်ကိုးရီးယား နိုင်ငံ က မြောက်ကိုးရီးယား နိုင်ငံ သည် ပဲ့ထိန်း ဒုံးကျဉ် တစ်စင်း ကို ပစ်ခတ် ခဲ့ကြောင်း ပြောကြား
ဆိုးလ် ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)
တောင်ကိုးရီးယား နိုင်ငံ ပူးတွဲ စစ်ဦးစီး အရာရှိချုပ် မှ မြောက်ကိုးရီးယား (DPRK) သည် ယနေ့ နံနက် ပိုင်း အချိန်တွင် ကိုးရီးယား ကျွန်းဆွယ် အရှေ့ဘက် ရေပြင်သို့ ပဲ့ထိန်း ဒုံးကျည် တစ်စင်း ပစ်ခတ် ခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။
တောင်ကိုးရီးယား နိုင်ငံ Yonhap သတင်းဌာန ၏ ဖော်ပြချက် အရ မြောက်ကိုးရီးယား နိုင်ငံ သည် ဒေသ စံတော်ချိန် နံနက် ၇ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် မြောက်ကိုးရီးယား နိုင်ငံ တောင်ပိုင်း Hwanghae ပြည်နယ် တစ်ဝိုက် မှ ကိုးရီးယား ကျွန်းဆွယ် အရှေ့ဘက် ရေပြင်သို့ ပဲ့ထိန်း ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ တောင်ကိုးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ သုံးသပ်ချက်အရ မြောက်ကိုးရီးယား နိုင်ငံ ၏ ယခု အကြိမ် ဒုံးကျည် ပစ်ခတ်မှု သည် အမေရိကန် နိုင်ငံ ၏ တောင်ကိုးရီးယား နိုင်ငံ တွင် Terminal High Altitude Area Defense(THAAD) ဒုံးကျည် ကာကွယ်ရေး စနစ် ထားရှိရန် စီစဉ်ခြင်း ကို ဆန့်ကျင်သည့် အနေဖြင့် ပစ်လွှတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြား ခဲ့သည်။
တောင်ကိုးရီးယား နိုင်ငံ အစိုးရ သက်ဆိုင်ရာ ဌာန မှ ခန့်မှန်းချက်အရ မြောက်ကိုးရီးယား မှ ယခု အကြိမ် ပစ်လွှတ်ခဲ့သည့် ပဲ့ထိန်း ဒုံးကျည် မှာ Nodong အမျိုးအစား ပဲ့ထိန်းဒုံးကျည် ဖြစ်ပြီး ကီလိုမီတာ အကွာအဝေး ၁၀၀၀ ခန့် အထိ ပစ်ခတ်နိုင်သော ဒုံးကျည် ဖြစ်ကြောင်း ၊ ယင်းဒုံးကျည်သည်၎င်းအမျိုးအစားတူ ဒုံးကျည် များ၏ အဝေးဆုံး ပစ်ခတ်မှု အကွာအဝေး ၁၃၀၀ ကီလိုမီတာ နှင့် အလွန်နီးစပ်နေပြီး ဖြစ်ကြောင်း ၊ ယခု အကြိမ်ပစ်ခတ်မှု၏ ရည်ရွယ်ချက်မှာ အိမ်နီးချင်း နိုင်ငံ များအား တိုက်ခိုက်မှု စွမ်းရည် ပြသ လို၍ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
တောင်ကိုးရီးယား နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ်မှ ဇူလိုင်လ ၁၃ ရက်နေ့က တောင်ကိုးရီးယား-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် THADD ဒုံးကျဉ်ကာကွယ်ရေး စနစ် အား တောင်ကိုးရီးယား နိုင်ငံ တွင် ချထားမည် ကို သဘောတူခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ မြောက်ကိုးရီးယား နိုင်ငံ ပြည်သူ့စစ် ဦးစီးချုပ် မှ ဇူလိုင် ၁၁ ရက်နေ့က ထုတ်ပြန်ချက်တွင် အမေရိကန်-တောင်ကိုးရီးယား နှစ်နိုင်ငံ အနေဖြင့် THADD ချထားမည့် နေရာကို ဆုံးဖြတ်ပြီးပါက မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှု ဖြင့် တုန့်ပြန် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)