Connect with us

Asia

အိန္ဒိယတွင် အရေးပါသည့် အဝေးပြေး တံတားပြိုကျပြီးနောက် လူ ၂၂ ဦး ပျောက်ဆုံး

အိန္ဒိယနိုင်ငံကအရေးပါသည့် အဝေးပြေးလမ်း တံတားပြိုကျမှုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာ ပြည်နယ်တွင် အရေးပါသည့် အဝေးပြေးလမ်း တံတားပြိုကျပြီးနောက် ယာဉ် စီးရေ တစ်ဒါဇင်နီးပါး ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး အနည်းဆုံး လူ ၂၂ ဦး ပျောက်ဆုံးနေကြောင်း အရာရှိများ က သြဂုတ်လ ၃ ရက်၌ ပြောကြားခဲ့သည်။

မဟာရက်ရှ်ထရာ ပြည်နယ်၏ မြို့တော် မွမ်ဘိုင်းမှ ၆၃ ကီလိုမီတာ ကွာဝေးသော Raigadh ခရိုင်ရှိ Savitri မြစ်အပေါ်တွင် ဗြိတိသျှခေတ်က တည်ဆောက်ထားသည့် အဆိုပါ တံတားသည် သြဂုတ်လ ၃ ရက် နံနက် အစောပိုင်းက ပြိုကျခဲ့ခြင်း ဖြစ်သည်။
“ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲနေတဲ့ ဘတ်စ်ကား နှစ်စီးနှင့် ယာဉ်များ အပါအဝင် ယာဉ်စီးရေ တစ်ဒါဇင်ခန့် တံတားအောက်က မြစ်ထဲကို ထိုးကျသွားခဲ့ပြီး ရေစီးနဲ့အတူ မျောပါသွားခဲ့တယ်၊ ဘတ်စ်ကား နှစ်စီးပေါ် ပါသွား တဲ့သူ ၂၂ ဦးခန့် ရှိမယ်လို့ ထင်ပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပျောက်ဆုံးသူများအား ရှာဖွေရန် ကယ်ဆယ်ရေးအဖွဲ့အား တာဝန်ရှိသူများက စေလွှတ်ထားပြီး ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားသည့် နေရာ၌ သဘာဝဘေး တုံ့ပြန်ရေး လုပ်ငန်းအဖွဲ့နှင့်အတူ ကယ်ဆယ်ရေးသမား ၈၀ ဦးခန့်က ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကယ် ဆယ်ရေးလုပ်ငန်းအား နှောင့်နှေးစေကြောင်း သိရသည်။
အဆိုပါ တံတားသည် မွမ်ဘိုင်းနှင့် ခရီးသွား ဧည့်သည်များအကြား ကျော်ကြားသည့် Goa အပန်းဖြေ စခန်း တို့ကို ချိတ်ဆက်ထားခြင်း ဖြစ်ပြီး သည်းထန်သည့် မုတ်သုန်မိုးများ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှု ဖြစ်ကာ Savitri မြစ်အတွင်းသို့ ပြိုကျခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် မတ်လတုန်းကလည်း West Bengal ပြည်နယ်၊ ကိုလ်ကတ္တားမြို့ရှိ မိုးပျံလမ်း၏ မီတာ ၆၀ ရှည်သော အပိုင်း ပြိုကျခဲ့ရာ လူ ၂၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.