Connect with us

Asia

ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသော ယောကျ်ားလေးများအနက် ၄ ဦးကို ကယ်ဆယ်နိုင်

ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသော ဘောလုံးအသင်းမှ ယောက်ျားလေးများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ချင်းရိုင်၊ ထိုင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဂူအတွင်း လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်ကျော်ကတည်းက ပိတ်မိနေခဲ့သော လူငယ်ဘောလုံးအသင်း ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြတစ်ဦးထဲမှ လေးဦးကို ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း တာဝန်ရှိသူ ထိုင်းအရာရှိတစ်ဦးက ဇူလိုင်လ ၈ ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုပါ ယောကျ်ားလေးများအား မျက်နှာပြည့် မျက်နှာ၊ နှာခေါင်းစည်းများအသုံးပြုကာ ကယ်ထုတ်ခဲ့ရကြောင်း၊ ပထမဦးဆုံးတစ်ယောက်အား ဇူလိုင်လ ၈ ရက် ဒေသစံတော်ချိန် ညနေ ၅ း၄၀ နာရီအချိန်၌ လည်းကောင်း၊ ဒုတိယတစ်ယောက်အား ၁၀ မိနစ်အကြာတွင်လည်းကောင်း၊ တတိယတစ်ယောက်အား ည ရး၄၀ နာရီတွင်လည်းကောင်း၊ ထို့နောက်တွင် စတုတ္ထတစ်ယောက်အားလည်းကောင်း အသီးသီး ဂူအပြင်သို့ ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ၎င်းတို့အားလုံးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ချင်းရိုင်အုပ်ချုပ်ရေးမှူး Narongsak Osottanakorn က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသော ဘောလုံးအသင်းမှ ယောကျ်ားလေးများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသော ဘောလုံးအသင်းမှ ယောကျ်ားလေးများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကယ်ဆယ်ရေးအစီအစဉ် ဒုတိယအဆင့်ကိုလည်း နောက် ၁၀ နာရီမှ ၂၀ နာရီအတွင်း ပြန်လည် စတင်သွားမည်ဟု ဆိုသည်။

ဇူလိုင်လ ၈ ရက် ကယ်ဆယ်ရေးအစီအစဉ်ကို နံနက် ၁၀ နာရီမှ စတင်ခဲ့ခြင်းဖြစ်ရာ ကယ်ဆယ်ရေးအဖွဲ့နှင့် ပူးပေါင်းရန် ပြည်ပမှ ဂူအတွင်း ရေငုပ်ကျွမ်းကျင်သူ ၁၃ ဦးတို့လည်း ဂူအတွင်းသို့ ဝင်ရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းတွင် ပူးပေါင်းခဲ့ကြောင်း သိရသည်။

ကလေးများမှာ ဂူအပြင်သို့ ရေငုပ်သမား နှစ်ဦးစီခြံရံကာ တစ်ယောက်ပြီးမှတစ်ယောက် ရေငုပ်၍ ကယ်ထုတ်လာခြင်းဖြစ်သည်။

အဆိုပါကယ်ဆယ်ရေးလုပ်ငန်းများ၌ ဂူအပြင်သို့ ကလေးများထုတ်ယူရာတွင် အထောက်အကူဖြစ်စေရန်အတွက် အမေရိကန်၊ တရုတ်၊ သြစတြေးလျနှင့် ဥရောပနိုင်ငံများမှ နိုင်ငံတကာ ကယ်ဆယ်ရေးအသင်းများက ဝင်ပေါက်မှ ဂူအမှတ် ၃ အထိ ဂူနံရံတစ်လျှောက် အသင့်နေရာယူထားကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.