Connect with us

Asia

ထိုင်းနိုင်ငံရှိ ပြည်နယ်များစွာတွင် အနိမ့်ဆုံးနေ့စားလုပ်ခ သတ်မှတ်နှုန်း တိုးမြှင့်မည်

ထိုင်းနိုင်ငံရှိ စက်ရုံတစ်ရုံအတွင်း လုပ်ငန်းခွင်တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် နိုင်ငံ တိုးတက်မှုကို ထောက်ပံ့ရန်နှင့် စီးပွားရေး မြှင့်တင်ရန် အားထုတ်မှုအဖြစ် အနိမ့်ဆုံး နေ့စားလုပ်ခကို ဘတ် ၃၀၈-၃၃၀ မှ ဘတ် ၃၁၃-၃၃၆ အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက်က ကြေညာခဲ့သည်။

ဝန်ကြီးဌာနက အဆိုပါပါ လုပ်အားခတိုးမြှင့်မှုကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အသက်ဝင်နိုင်ရန် အဆိုပြုမည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ အမျိုးသား လုပ်အားခကော်မတီက အလုပ်သမားများ၏ နေထိုင်စရိတ်၊ အလုပ်ရှင်၏ ပေးနိုင်စွမ်း၊ ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေး အခြေအနေများ အပါအဝင် အကြောင်းအရာများ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် စူသီ စူကိုဆိုလ် (Suthi Sukosol) က ပြောခဲ့သည်။

ပြည်နယ်အများစုရှိ ကျွမ်းကျင်မှုမရှိသော အလုပ်သမားများအနေဖြင့် တစ်နေ့လျှင် ဘတ် ၃၁၅-၃၂၀ ကြား ရရှိမည် ဖြစ်ကြောင်း စူသီက ဆိုသည်။

ထို့ပြင် ဘန်ကောက်၊ ချွန်ဘူရီ၊ ဖူးခက်၊ ပရာချင်ဘူရီ၊ ဆမွတ်ပရာခန်နှင့် ဆမွတ်ဆခွန် ဒေသများ အပါအဝင် နေထိုင်စရိတ် မြင့်မားသည့် ပြည်နယ်များတွင်မူ လုပ်အားခ ၆ ဘတ် တိုးမြှင့်သွားမည်ဟု စူသီက ပြောခဲ့သည်။

အခြားသော ပြည်နယ်များတွင်မူ လုပ်အားခ ၅ ဘတ်စီ တိုးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)