Connect with us

Asia

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှုကြောင့် လူငယ် ၁၃ ဉီး သေဆုံး ၊ ၄ ဉီး ဒဏ်ရာ ရရှိ

ဘန်ကောက်မြို့စွန်၌ အရှိန်လွန် တိမ်းမှောက်ခဲ့သော ယာဉ်အား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၏ အစွန်အဖျားကျသော နေရာရှိ လမ်းမ တစ်ခု၌ စက်တင်ဘာ ၂၉ ရက် နံနက် အစောပိုင်းတွင် ပစ်ကပ် အမျိုးအစား ထရပ်ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူငယ် ၁၃ ဉီး သေဆုံးပြီး အခြား ဒဏ်ရာ ရသူ ၄ ဉီး ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူ လူငယ် ၁၃ ဉီးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၄ ဉီးမှာ Sisaket နည်းပညာ ကောလိပ်မှ ဖြစ်ကြောင်း ၊ ၎င်းတို့ စီးနင်းလာသော ထရပ်ကားသည် Samut Prakarn ပြည်နယ်၏ Bang Phli ခရိုင် အတွင်းရှိ King Keo လမ်းပေါ်တွင် တိမ်းမှောက်မှု ဖြစ်ပွားကာ လမ်းဘေး လျှပ်စစ် ဓာတ်မီးတိုင်ကို တိုက်မိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ရဲဗိုလ်မှူးကြီး Krissana Pattanacharoen ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ဒေသ စံတော်ချိန် နံနက် ၀၀ : ၃၀ မိနစ် အချိန်တွင် ဖြစ်ပွားခဲ့ပြီး ခရီးသည် ၁၂ ဉီးမှာ အခင်း ဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ အခြား တစ်ဉီးမှာ အနီးရှိ ဆေးရုံ တစ်ခု၌ သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။(Xinhua)