Connect with us

Asia

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့တွင် သင်္ဘောမှောက်မှုကြောင့် ၁၃ဦးထက်မနည်းသေ၊ ၃၀ဦးဒဏ်ရာရရှိ

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့တွင် တိမ်းမှောက်ခဲ့သည့် သင်္ဘောအားတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ ရှိ ကျောက်ဖရား မြစ် တွင် စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်းက ခရီးသည် ၁၀၀ဦးခန့် တင်ဆောင်လာသော သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ၁၃ဦးထက်မနည်းသေဆုံးပြီး လူ ၃၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် အများအပြား ပျောက်ဆုံးနေကြောင်း သိရသည်။

အာဏာပိုင်များက ကရိန်းအသုံးပြု၍ သင်္ဘောအား မတင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အယုဒ္ဓယ ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေးမှူး Prayoon Rattanaseni က သင်္ဘောတိမ်းမှောက်ခဲ့ကြောင်းကို ဒေသစံတော်ချိန် ၁၆း၀၀နာရီ၌ ၎င်းထံ အကြောင်းကြားလာကြောင်း၊ သင်္ဘောသည် မြစ်ကမ်းဘေး နှင့် တိုက်မိခဲ့ပြီးနောက် တိမ်းမှောက်ခဲ့ကြောင်း အစောပိုင်း က ပြောကြားခဲ့သည်ကို ထိုင်းသတင်းမီဒီယာ TNN က ဖော်ပြခဲ့သည်။
သင်္ဘောပေါ်မှ ခရီးသည်အများစုသည် Nonthaburi ပြည်နယ်မှ ထိုင်းနိုင်ငံသား မွတ်စလင်ဘာသာဝင်များ ဖြစ်ပြီး အယုဒ္ဓယမြို့ ရှိ ဗလီတစ်ခုတွင်ကျင်းပခဲ့သည့် အခမ်းအနားအား တက်ရောက်ပြီးနောက် Nonthaburi သို့ ပြန်လာကြသူများဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.