Connect with us

Asia

နီပေါနိုင်ငံတွင် တောင်တက်ခရီးသွားများအတွက် ခရီးသွားဗီဇာ ထုတ်ပေးမှု ပြန်လည်စတင်

နီပေါနိုင်ငံ Solukhumbu ခရိုင် Namche Bazar မြို့အနီး၊ ချိုမိုလန်းမားတောင်သို့သွားရာလမ်းဟု လူသိများသည့်နေရာရှိ ခြေလျင်တောင်တက်ခရီးလမ်းကြောင်း၌ ခရီးသွားများအား တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အစိုးရက အောက်တိုဘာ ၁၇ ရက်မှစပြီး တောင်တက်ခြင်းနှင့် ခြေလျင်တောင်တက်ခြင်း ခရီးစဉ်များအတွက် နိုင်ငံခြားခရီးသွားများကို ပြန်လည်ကြိုဆိုရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းကြောင့် နီပေါတွင် ၇ လ နီးပါး ရပ်တန့်ခဲ့ရသော နိုင်ငံခြားသားများအတွက် ခရီးသွားဗီဇာများ ပြန်လည်ထုတ်ပေးနေပြီ ဖြစ်ကြောင်း ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူ့လေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နီပေါအစိုးရက COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် မတ်လအစောပိုင်းက ခရီးသွားဗီဇာများထုတ်ပေးခြင်းကို ဆိုင်းငံ့ခဲ့ခြင်းဖြစ် သည်။ “အခုတော့ နိုင်ငံခြားသားတွေက နီပေါနိုင်ငံကို လာရောက်ပြီး တောင်တက်ခြင်းနှင့် ခြေလျင်တောင်တက်ခရီးစဉ်များ လုပ်ဆောင်လိုတဲ့ နိုင်ငံရပ်ခြားရှိ ကျွန်တော်တို့ရဲ့ သံရုံးတွေကနေ ခရီးသွားဗီဇာများ ရရှိနိုင်ပါပြီ” ဟု ခရီးသွားလာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Kamal Prasad Bhattarai က စက်တင်ဘာ၂၉ ရက်တွင် ဆင်ဟွာသို့ ပြောခဲ့သည်။ နီပေါနိုင်ငံ သံတမန်ရေးရာဌာနမရှိသည့် နိုင်ငံများမှ ခရီးသွားများအနေဖြင့်မူ ဆိုက်ရောက်ဗီဇာ ရယူနိုင်မည်ဖြစ်သည်။

“နိုင်ငံခြားခရီးသွားများအတွက် ခရီးသွားဗီဇာထုတ်ပေးခြင်းတွေမှာ ခရီးသွားဝန်ကြီးဌာနနဲ့ အခြားသောဆက်စပ်တဲ့ အေဂျင်စီများနဲ့အတူ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ramesh Kumar KC က ဆင်ဟွာကို ပြောကြားခဲ့သည်။ ၇လ နီးပါး ရပ်တန့်ခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ခရီးသွားဗီဇာများ ပြန်လည်ထုတ်ပေးခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးဌာနသည်  နီပေါအစိုးရအေဂျင်စီများ၏ ထောက်ခံချက်အလိုက် နိုင်ငံခြားသားများကို ကိစ္စတစ်ခုချင်းစီအလိုက် အကန့်အသတ်ဖြင့် ခရီးသွားဗီဇများ ထုတ်ပေးလျက်ရှိသည်။စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်လိုက်သည့်စံနှုန်းများအရ  နိုင်ငံခြားခရီးသွားများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားခြင်းမရှိကြောင်းအတည်ပြုရန် နီပေါနိုင်ငံသို့ မဝင်ရောက်မီ အနည်းဆုံး ၇၂ နာရီအတွင်း polymerase chain reaction (PCR) စစ်ဆေးမှု လုပ်ဆောင်ထားကြောင်းကို ဖြည့်စွက်ရန် လိုအပ်မည် ဖြစ်သည်။  

ထို့ပြင် ၎င်းတို့သည် နီပေါတွင် ကြိုတင်စာရင်းပေးသွင်းထားသည့် ဟိုတယ်၌ ခုနစ်ရက် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူရန် အတည်ပြုစာရွက်စာတမ်းများလည်း တင်ပြရမည်ဖြစ်ကြောင်း၊ ခရီးသွားများအနေဖြင့် အသွားအလာကန့်သတ်စောင့်ကြည့်သည့် ၅ ရက်မြောက်နေ့တွင် နောက်ထပ်စစ်ဆေးမှု လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အသွားအလာကန့်သတ်မှုစောင့်ကြည့်သည့်ကာလအတွင်း COVID-19 ကူးစက်ခံရခြင်းမရှိကြောင်း စစ်ဆေးမှုခံယူပြီးနောက်တွင်မူ တောင်တက်ခြင်းနှင့် အခြားသောခြေလျင်တောင်တက် ခရီးစဉ်များ သွားရောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် တောင်တက်ခြင်းနှင့်အခြားသောခြေကျင်ခရီးစဉ်များ လုပ်ဆောင်စဉ်တွင် တင်းကျပ်သည့် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ လိုက်နာရမည်ဖြစ်သည်။နီပေါအစိုးရသည် COVID-19 ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရသဖြင့် ခရီးသွားလုပ်ငန်း၏ သေချာသည့်ကဏ္ဍများကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု Bhattarai က ဆိုသည်။“ကျွန်တော်တို့  ကျန်းမာရေးကန့်သတ်ချက်တွေကို တင်းတင်းကြပ်ကြပ်လိုက်နာခြင်းဖြင့် ခရီးသွားလုပ်ငန်းတစ်ခုလုံး ပြန်လည်ဖွင့်လှစ်နိုင်ဖို့လည်းဆွေးနွေးနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.