Connect with us

Asia

နီပေါနိုင်ငံ ဧဝရက်တောင်တန်းဒေသ၌ ကုန်တင်လေယာဉ်ပျက်ကျ ၊ လေယာဉ်မှူးသေဆုံး

နီပေါနိုင်ငံ၌ ပျက်ကျသွားသော ကုန်တင်လေယာဉ် အစိတ်အပိုင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ ၊ မေ ၂၈ ရက် (ဆင်ဟွာ)

Goma လေကြောင်းလိုင်းမှ ကုန်ပစ္စည်းတင်လေယာဉ်တစ်စင်းသည် မေလ ၂၇ ရက် ညနေပိုင်းက နီပေါနိုင်ငံ Qomolangma ဧဝရက်တောင်တန်းဒေသ Lukla မြို့အနီးရှိ Tenzing Hillary လေဆိပ်သို့ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူး တစ်ဦးသေဆုံးပြီး လေယာဉ်အမှုထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားသည်။

9K-AKY လေယာဉ်သည် ကမ္ဘာ့အန္တရာယ်အရှိဆုံး လေဆိပ်စာရင်းဝင်တစ်ခုဖြစ်သည့် Tenzing Hillary လေဆိပ်သို့ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။Lukla မြို့သည် မြောက်ပိုင်း Solukhumbu ခရိုင်အတွင်းရှိ ကမ္ဘာ့အမြင့်ဆုံးQomolangma တောင်တန်း ဒေသအဝင်မုဒ်ဝတွင် တည်ရှိကြောင်း သိရသည်။

“ လေယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၆ မိနစ်မှာ လေယာဉ်ပြေးလမ်းရဲ့ မီတာအနည်းငယ်အကွာမှာ ပျက်ကျသွားတာဖြစ်ပါတယ်” ဟု Lukla လေဆိပ်အကြီးအကဲက ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် ဖြေကြားခဲ့သည်။

လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် နီပေါနိုင်ငံ စစ်တပ် ၊ ရဲတပ်ဖွဲ့၊ Goma လေကြောင်းလိုင်းမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လယာဉ်မှူးParas Rai အား ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၂ဝ မိနစ်တွင် ကွယ်လွန်သွားခဲ့သည်။ တွဲဖက် လေယာဉ်မှူးမှာ ဒဏ်ရာပြင်းထန်း၍ အရေးပေါ်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

တောင်တက်ရာသီစတင်ခဲ့ကတည်းက ဧပြီလ မှ မေလအတွင်း Lukla လေဆိပ်သည် တစ်ရက်လျှင် လေယာဉ် ခရီးစဉ် ၁ဝ၅ ခုမျှ ပျံသန်းပြေးဆွဲလျက်ရှိသည်။ ယခုနှစ်တောင်တက်ရာသီတွင် ကမ္ဘာ့အမြင့်ဆုံးဧဝရက် တောင်ထိပ်ကို တက်ရောက်ခွင့်ရရန် ကမ္ဘာ့နိုင်ငံအသီးသီးရှိ တောင်တက်အဖွဲ့၄ဝ ကျော်မှ တောင်တက်သမား ၃၇၁ ဦးက စာရင်းပေးသွင်းထားကြောင်း သိရသည်။(Xinhua)