Connect with us

Asia

ပါကစ္စတန်နိုင်ငံ၊ ရာဝါပင်ဒီပြည်နယ်ရှိ လူနေဧရိယာ၌ လေယာဉ်ပျက်ကျမှုတွင် လူ ၁၂ဦးသေဆုံး

လေယာဉ်ပျက်ကျပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

ရာဝါပင်ဒီ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ရာဝါပင်ဒီပြည်နယ် ၏ အရှေ့ဘက် လူနေဧရိယာတွင် ဇူလိုင်၃၀ ရက် နံနက်ဘက်၌ ပါကစ္စတန်စစ်တပ်၏ လေ့ကျင့်ရေးလေယာဉ်တစ်စီးပျက်ကျမှုတွင် အနည်းဆုံးလူ ၁၂ ဦး သေဆုံးခဲ့ပြီး အခြား၁၀ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ဗကြာင်း ဒေသခံမီဒီယာ နှင့် စစ်တပ်ကဆိုသည်။

အဆိုပါလေ့ကျင့်ရေးလေယာဉ်သည် ပါကစ္စတန်စစ်တပ်၏ လေယာဉ်မောင်းလေ့ကျင့်သော လေယာဉ်ဖြစ်ပြီး ရာဝါပင်ဒီပြည်နယ် မြို့စွန်တွင် ပုံမှန်လေ့ကျင့်ရေးဆောင်ရွက်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်စစ်တပ်၏ သတင်းဖြန့်ချိရေးဌာန ဖြစ်သော Inter-Services Public Relations (ISPR) ထုတ်ပြန်ချက်တွင်ပါရှိသည်။

လေယာဉ်မှူး ၂ ဦး အပါအဝင် အားလုံးပေါင်း ၅ဦး လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ကြောင်း PSPR က ဆိုသည်။

လေ့ကျင့်ရေးဂျက်လေယာဉ် သည် Jabbi ကျေးရွာရှိ လူနေဧရိယာတွင် ပျက်ကျခဲ့ကာ၊ လေယာဉ်ပျက်ကျပြီးနောက် မီးလောင်ကျွမ်းခဲ့ကာ အနည်းဆုံး အိမ်၄လုံး ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်းလေယာဉ် က အိမ်တစ်လုံးပေါ်ပြိုကျခဲ့ရာ အဆိုပါအိမ်တစ်ခြမ်းမှာ လုံးဝပြိုကျသွားခဲ့ကြောင်း၊ လေယာဉ်ပျက်ကျသည့်နေရာနှင့် အနီးကပ်ဆုံးပတ်ဝန်းကျင်တွင်ရှိသည့် ယာယီအိမ် ၅ လုံး မှ ၆ လုံးကြား ပျက်စီးခဲ့ကြောင်း လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် ၁ နာရီ အကြာတွင် အဓိကမျက်မြင်သက်သေတစ်ဦးဖြစ်သူ Yousaf Awan က ဆင်ဟွာကိုပြောသည်။

ထို့နောက် လေယာဉ်ပျက်ကျရာအိမ်မှ ၁၀၀ မီတာအတွင်းမီးလောင်ခဲ့ပြီး နှင့် ၎င်းကိုအချိန်အနည်းငယ်အကြာတွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့၊ ရဲ နှင့် လုံခြုံရေး အဖွဲ့တို့က အခင်းဖြစ်ပွားရာနေရာမှ ရုပ်အလောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူများ ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ရုပ်အလောင်း ၁၂ လောင်း နှင့် ဒဏ်ရာရသူ ၁၀ ဦး တို့ကို Rawalpindiမြို့ရှိ မတူညီသည့် ဆေးရုံ ၃ ခု ကို ပို့ဆောင်ခဲ့ကြောင်း ထိုဒေသရှိ အရေးပေါ်အရာရှိက မီဒီယာများကို ပြောကြားခဲ့သည်။

မြို့တော် အစ္စလာမ်ဘတ်မြို့ နှင့် အနီးအနားတွင်ရှိသည့် Rawalpindi မြို့ ရှိ ဆေးရုံများအားလုံးသို့ အရေးပေါ် ကြေညာထားခဲ့ကြောင်း သိရသည်။ ပြင်းထန်သောမီးလောင်ဒဏ်ရာရရှိသူများအားကုသလျက်ရှိပြီးသေဆုံးသူ ၆ ဦးထက်တိုးလာမည်ကို အရေးပေါ်ဌာန က စိုးရိမ်လျက်ရှိကြောင်း သိရသည်။

အခြားမျက်မြင်သက်သေတစ်ဦးဖြစ်သည့် Mehtab က လုံးဝမီးလောင်ခံထားရသည့် ရုပ်အလောင်း၂၀အား ကယ်ဆယ်ရေးအဖွဲ့သားများက သယ်ဆောင်သွားခဲ့ကြောင်းဆိုသည်။

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းအား ပါကစ္စတန်စစ်တပ် သတင်းပြန်ကြားရေးအဖွဲ့က ယခုအချိန်အထိ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ (Xinhua)