Asia
ပါကစ္စတန်၌ လေယာဉ်ပျက်ကျသဖြင့် နိုင်ငံခြားသား ၃ ဦးအပါအဝင် လူ ၄၇ ဦးသေ

ပါကစ္စတန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ၌ ယနေ့( ဒီဇင်ဘာ ၇ ရက်)တွင် လေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားရာ နိုင်ငံခြားသား ၃ ဦးအပါအဝင် လူပေါင်း ၄၇ ဦးသေဆုံး သွားကြောင်းသိရသည်။
သေဆုံးသွားသူများထဲမှ ရုပ်အလောင်း ၃၆ ခုကို လေယာဉ်အပျက်အစီးပုံထဲမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း နှင့် အသက်ရှင်ကျန်ရစ်သူမရှိကြောင်း ပါကစ္စတန်နိုင်ငံ သတင်းမီဒီယာများ ဖော်ပြချက်အရ သိရသည်။(Xinhua)