Connect with us

Asia

အာချေးငလျင် သေဆုံးသူ ၉၇ ဦး နှင့် ဒဏ်ရာရသူ ၆ဝဝ ဦးကျော်ထိ မြင့်တက်လာ

အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးပုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ယနေ့( ဒီဇင်ဘာလ ၇ ရက်) နံနက် ၅ နာရီ ၃ မိနစ်တွင် ပြင်းအား ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေမှာ ညနေပိုင်းတွင် ၉၇ ဦး နှင့် ဒဏ်ရာရသူမှာ ၆ဝဝ ဦးကျော်ထိ မြင့်တက်သွားပြီဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီ ရုံးက ပြောဆိုလိုက်သည်။

အဆိုပါ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၆၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် လူနေအိမ် ၂ဝဝ ကျော် ၊ ဈေးအဆောက်အအုံများ ၊ ကျောင်းဆောင်များ ၊ဗလီများ နှင့် အဆောက်အအုံများစွာ ပြိုကျပျက်စီးသွားကြောင်း သဘာဝဘေးအန္တရာယ်အရေးပေါ်ကယ်ဆယ်ရေးအေဂျင်စီ၏ သတင်းထုတ်ပြန်ရေးအရာရှိ Heni Nurmaini က ဆင်ဟွာသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။
အာချေးဒေသရှိ Pidie Jaya ခရိုင်သည် ငလျင်ဒဏ်အများဆုံးခံစားခဲ့ရကြောင်း နှင့် အဆိုးရွားဆုံး ငလျင်ဒဏ်သင့် ဧရိယာဖြစ်ကြောင်း အေဂျင်စီရုံးက ဆိုသည်။ ငလျင်ဒဏ်သင့် ပြည်သူများကို ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်းရှာဖွေရေး ၊ ကယ်ဆယ်ရေး နှင့် စေတနာ့ဝန်ထမ်းတပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး Tatang ဆင်ဟွာသို့ပြောကြားခဲ့သည်။
“ ကယ်ဆယ်ရေးလုပ်ငန်းအတွက် စစ်တပ်က တပ်ဖွဲ့ဝင် ၁ဝ၅ဝ ဦးကို စေလွှတ်ထားတယ်။ ပြီးတော့ ရဲတပ်ဖွဲ့ဝင် ၉ဝဝ ဦး ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအေဂျင်စီ ၊ ရှာဖွေရေး နဲ့ကယ်ဆယ်ရေးရုံးက တာဝန်ရှိသူတွေလည်း ဝိုင်းဝန်းလုပ်ကိုင်နေပါတယ်” ဟု ဗိုလ်ချုပ်ကြီးက ဆိုသည်။
ကယ်ဆယ်ရေးလုပ်ငန်းအတွက် အကြီးစား စက်ယန္တယားများကို အသုံးပြု၍ ဆောင်ရွက်နေကြောင်း နှင့် ဒဏ်ရာရသူများကို ခရိုင်အတွင်းရှိ ဆေးရုံများသို့ပို့ဆောင်၍ ဆေးကုသပေးနေကြောင်း Apriadi က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.