Connect with us

Asia

ပူးပေါင်း ဆောင်ရွက်မှုများ လွယ်ကူ ချောမွေ့စေရေး သတင်း အချက်အလက် ပလတ်ဖောင်းတစ်ခု ရှိရန် လိုအပ်ကြောင်း တရုတ်နှင့် ထိုင်းလုပ်ငန်းရှင်များ ဆို

တရုတ်နှင့် ထိုင်း သံတမန် နှစ်လေးဆယ်ပြည့် အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ဘန်ကောက်၊ ဇူလိုင် ၁၆ ရက် ( ဆင်ဟွာ )

တရုတ်နှင့် ထိုင်း လုပ်ငန်းများအတွက် ရောင်းလိုအား၊ ဝယ်လိုအားတွေကို တစ်ဖက်နှင့် တစ်ဖက် နားလည်နိုင် စေရန်နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို ထိရောက်စေရန် သတင်း အချက်အလက် ထောက်ပံ့ပေးနိုင်မည့် ပလတ်ဖောင်းတစ်ခု အရေးတကြီး လိုအပ်နေကြောင်း တရုတ် လုပ်ငန်းရှင် တစ်ဦးက ဆင်ဟွာ သတင်းဌာနသို့ ပြောသည်။

ဒါဟာ တရုတ်-ထိုင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု နှင့် ထိုင်းနိုင်ငံ၌ တရုတ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရာ တွင် ကြီးမားသော မျှော်လင့်ချက် များရှိပြီး၊ နှစ်နိုင်ငံလုံး၏ လိုအပ် ချက်များ၊ အရင်းမြစ်များကို တစ်ဖက် နှင့် တစ်ဖက်အပြည့်အဝ နားလည်မှုရှိရေးတွင် သတင်း အချက်အလက် ကွာဟနေမှု များသည် အတားအစီး သဖွယ် ဖြစ်နေကြောင်း ထိုင်း-တရုတ် ရာယန်း (Rayong) စက်မှုဇုန် ဥက္ကဋ္ဌ Xu Genluo က ပြောပါသည်။ အဆိုပါ Rayong စက်မှုဇုန်သည် ထိုင်းနိုင်ငံ အရှေ့ပိုင်းတွင် တည်ရှိပြီး တရုတ် စီးပွားရေး လုပ်ငန်းပေါင်း ၆၀ ကျော် လက်ရှိ လုပ်ကိုင်လျက် ရှိပါသည်။

ပြည့်စုံပြီး အားကောင်းသော စီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များ၊ မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်၊ ဈေးကွက် တောင်းဆိုမှု၊ တရုတ်နှင့် ထိုင်းတို့၏ စီမံကိန်းများ အစရှိသည့် သတင်း အချက်အလက်များ ကို ထောက်ပံ့ပေးမည့် ပလက်ဖောင်းတစ်ခု ထားရှိရန် နှစ်နိုင်ငံမှ လုပ်ငန်းရှင်များ ကလည်း ဆန္ဒရှိနေပါသည်။ အဆိုပါ ပလတ်ဖောင်းသည် သတင်း အချက်အလက် ပေါင်းကူး တံတားတစ်ခုအဖြစ် တရုတ်နှင့် ထိုင်း စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်ရန် မျှော်လင့်ထားကြောင်း ၎င်းကဆိုသည်။
ထိုင်းနိုင်ငံသည် ဆန်စပါး၊ ပီလောပီနံ၊ ရာဘာ နှင့် အသီးအနှံများ အဓိက စိုက်ပျိုးသူနှင့် တင်ပို့သူ ဖြစ်နေပြီး တရုတ်နိုင်ငံ ကတော့ အဆိုပါ လယ်ယာ ထွက်ကုန်များကို အဓိက တင်သွင်းသူ ဖြစ်နေပါသည်။

လက်ရှိတွင် ထိုင်းအစိုးရအနေနှင့် တာရှည်အထားခံသော အသားများ၊ အသီးအနှံ၊ ဟင်းသီး ဟင်းရွက်များ၊ ကောက်ပဲသီးနှံများနှင့် သစ်သီး အဖျော်ယမကာ လုပ်ငန်းများတွင် အဆင့်မြင့် နည်းပညာ သုံးစွဲရန် အလေးထား နေကြောင်း သိရသည်။ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်ဘက်လုံး အနေဖြင့် စက်မှု လုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေနိုင်ရန် လုံလောက်သော သတင်း အချက်အလက်များ ရရှိရန် လိုအပ်နေပါသည်။

ထိုင်းအစိုးရ အနေဖြင့် အဆင့်မြင့် နည်းပညာသစ်များ၊ လူသား ရင်းမြစ်များ၊ ပုဂ္ဂလိက နှင့် အခြေခံ အဆောက်အအုံ ပံ့ပိုးရေး ပတ်ဝန်းကျင် ညစ်ညမ်းမှု တားဆီးရေး နှင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေးနှင့် ဆက်စပ်နေသော ပရောဂျက်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် တွန်းအား ပေးလျက် ရှိပါသည်။

တရုတ် လုပ်ငန်းရှင်များ အနေဖြင့်လည်း အဆိုပါ ပရာဂျက်များ ၏ အကျိုးရလဒ်များ နှင့်အတူ ထိုင်းနိုင်ငံ၏ ဦးစားပေး မူဝါဒများ၊ အခွန်ဆိုင်ရာ အားပေးမှုများ၊ ဥပဒေစနစ်၊ အလုပ်သမား ကုန်ကျစရိတ် နှင့် အခြား ဆက်စပ်နေသော ကိစ္စရပ်များအား ရင်းနှီးမြှုပ်နှံမှု မလုပ်မီ သတင်း အချက်အလက် ကြိုတင်ရနိုင်ရန် ဆန္ဒ ရှိနေကြောင်း သိရသည်။ (Xinhua)