Connect with us

Asia

အီရတ် နိုင်ငံတွင် အသေခံ ဗုံးဖောက်ခွဲမှုကြောင့် လူပေါင်း ၉၀ ကျော်သေဆုံး

အီရတ် နိုင်ငံ၌ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာတွင် ကယ်ဆယ်ရေး လုပ်ငန်များ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ လုံခြုံရေး ဌာနမှ အီရတ် နိုင်ငံ အရှေ့ပိုင်း Baqubah မြို့တွင် ကားဗုံး ဖေါက်ခွဲမှုကြောင့် သေဆုံးသူ ဦးရေ အယောက် ၉၀ အထိရှိလာပြီး ၁၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများ အပြည့် သယ်ဆောင်လာသော ကုန်တင်ကား တစ်စီးသည် ဇူလိုင်လ ၁၇ ရက်နေ့က Baqubah မြို့တောင်ဘက်ရှိ လူအများ စုဝေး ရာနေရာတွင် ဖောက်ခွဲ ခဲ့သည်။ ထိုနေ့တွင် ၎င်းဒေသ ရှိသူ များသည် ဥပုသ် အထွက်အတွက် ကုန်ပစ္စည်းများ ဝယ်ယူနေကြရာ အင်အား ပြင်းသော ပေါက်ကွဲမှုကြောင့် လူအများအပြား သေဆုံးဒဏ်ရာ ရရှိခဲ့ပြီး ဈေးဆိုင်များနှင့် ကားများ ပျက်ဆီး သွားခဲ့ရသည်။

၂၀၁၃ ခုနှစ်မှ စတင်၍ အီရတ် နိုင်ငံတွင် အကြမ်းဖက်မှု များနှင့် တိုက်ခိုက်မှုများ အစဉ်ဖြစ်ပွားနေပြီး လုံခြုံရေး အခြေအနေမှာ အလွန် အားနည်းနေခဲ့သည်။ အီရတ် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကူညီရေး အဖွဲ့၏ စာရင်းပြုစု ချက်အရ ၂၀၁၄ ခုနှစ် တွင် အီရတ် နိုင်ငံ မှ အကြမ်းဖက်မှု များနှင့် တိုက်ခိုက်မှု များကြောင့် အရပ်သား ပြည်သူ ၁၂,၂၈၂ ဦးသေဆုံးကာ ၂၃,၀၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီး လက်တလော နှစ်ပိုင်း အတွင်း အများဆုံး ဖြစ်ပွားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117