Connect with us

Asia

ဗီယက်နမ်တွင် ရောဂါကာကွယ်ထိန်းချုပ်မှုများ မြှင့်တင်ဆောင်ရွက်၊ နိုင်ငံတကာလေကြောင်းလိုင်း ဝင်ရောက်မှုကို ယာယီရပ်နားထား

ဟနွိုင်း၊ ဇွန် ၁ ရက်(ဆင်ဟွာ)

ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုကို တိုးမြှင့်ရန် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ နွိုင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဇွန် ၁ ရက်မှ ၇ ရက်အထိ နိုင်ငံတကာလေကြောင်းလိုင်းဝင်ရောက်မှုကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း ဗီယက်နမ်မြို့ပြလေကြောင်းအာဏာပိုင်က မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ထုတ်ပြန်ချက်တွင် ယခင်က နိုင်ငံတကာလေကြောင်းလိုင်းလက်ခံမှုများကို ယာယီရပ်နားထားပြီးဖြစ်သည့် ဟိုချီမင်းမြို့ တန်ဆွန်းညက်နိုင်ငံတကာလေဆိပ်တွင် နိုင်ငံတကာလေကြောင်းလိုင်းဝင်ရောက်မှုကို ဇွန် ၁၄ ရက်အထိ ဆက်လက် ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။ ထိုမတိုင်မီက ယင်းလေဆိပ်သည် လေကြောင်းအာဏာပိုင်များ၏ တောင်းဆိုမှုကြောင့် နိုင်ငံတကာလေကြောင်းလိုင်းဝင်ရောက်ခြင်းကို မေ ၂၇ ရက်မှ ဇွန် ၄ ရက်အထိ ယာယီရပ်နားထားခဲ့သည်။

ဗီယက်နမ်သည် ယခုနှစ် ဧပြီလကုန်ပိုင်းတွင် ကိုဗစ်ကပ်ရောဂါလှိုင်းအသစ် ရိုက်ခတ်မှုခံခဲ့ရပြီး လက်ရှိတွင် ပြည်တွင်းကူးစက်မှုလူနာဦးရေ ဆက်တိုက် တိုးပွားနေဆဲဖြစ်သည်။ VnExpress ဝဘ်ဆိုက်၏ ကိန်းဂဏန်းများအရ မေ ၃၁ ရက် ၁၈ နာရီအထိ ဗီယက်နမ်တစ်နိုင်ငံလုံးတွင် မေ ၂၇ ရက်မှစ၍ ပြည်တွင်းကူးစက်မှု ကိုဗစ်အတည်ပြုလူနာ (၄,၂၄၆)ဦး ရှိကြောင်း သိရသည်။

ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းရန် ဟနွိုင်းတွင် မေ ၂၅ ရက် နေ့လည်ပိုင်းမှစ၍ စားသောက်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်မှုများကို တားမြစ်ထားပြီး အများပြည်သူသွားလာနေထိုင်သည့်နေရာများတွင်လည်း လူစုလူဝေးလုပ်ခြင်းကို တားမြစ်ထားကြောင်း ၊ ဟိုချီမင်းမြို့တွင် မေ ၃၁ ရက်မှစ၍ ၁၅ ရက်ကြာ social distanceနည်းလမ်းများကို ဆောင်ရွက်နေကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ(VNA)၏ သတင်းများအရ သိရသည်။ (Xinhua)

——————————————————
(Chinese Version)

(国际疫情)越南加强新冠疫情防控 首都河内暂停国际航班进入

新华社河内5月31日电(记者黄硕 蒋声雄)据越南民航局31日发布的消息,为加强新冠疫情防控,越南首都河内内排国际机场将于6月1日至7日暂停国际航班进入。

消息还说,此前已暂停接收入境国际航班的越南南部胡志明市新山一机场将继续暂停国际航班进入直到6月14日。此前,越南民航局要求新山一机场于5月27日至6月4日暂停国际航班进入。

越南于今年4月底出现新一轮新冠疫情,目前本土确诊病例数仍在持续增长。据“越南快报网”统计,截至当地时间31日18时,越南全国自4月27日以来新增新冠本土确诊病例4246例。据越通社报道,为应对疫情,河内已从25日中午起禁止餐厅提供堂食服务,并禁止在公共场所进行聚集性活动,胡志明市从31日起施行为期15天的保持社交距离措施。(完)
图说1:2020年8月8日,越南首都河内的民众戴口罩出行。(新华社记者王迪摄)